အပစ်ရပ် ၁၀ ဖွဲ့ထဲက ၂ ဖွဲ့က ပုပ္ပားထိပ်သီးဆွေးနွေးပွဲကို ရက်ရွှေ့လို
2018.10.10

ပုပ္ပားထိပ်သီးဆွေးနွေးပွဲကို အပစ်ရပ် ၁၀ ဖွဲ့ထဲက ၈ ဖွဲ့က တက်ရောက်လိုပေမယ့် ကျန်တဲ့ နှစ်ဖွဲ့ကတော့ ရက်ရွှေ့လိုတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့ဝင် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့က ကျင်းပမယ့်ရက်ကို သီတင်းပတ် နှစ်ပတ် နောက်ရွှေ့ဆိုင်းလိုပြီး ကျန်အဖွဲ့ ၈ ဖွဲ့ကတော့ သတ်မှတ်ရက်မှာပဲ တွေ့ဆုံဖို့ သဘောထား ရှိကြတယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။
ထိပ်သီးဆွေးနွေးပွဲကို အပစ်ရပ် တိုင်းရင်းသား ခေါင်းဆောင်တွေဖက်က တက်ရောက်ဖို့ မတက်ရောက်ဖို့ကို EAO ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ခေါင်းဆောင်တွေက ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တေ့ွဆုံ ဆွေးနွေးကြတာဖြစ်ပါတယ်။
မနက်ဖြန် အောက်တိုဘာလ ၁၁ ရက်နေ့မှာတော့ အပြီးသတ်ဆုံးဖြတ်ချက်ချနိုင်ဖို့ ဆွေးနွေးကြမှာဖြစ်ပါတယ်။