စစ်ဘေးဒုက္ခ သည်တွေ ပြန်လည်နေရာ ချထားရေး ကချင်အစိုးရ စီစဉ်
2014.09.11
ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့ စစ်ဘေးဒုက္ခသည်စခန်းက လူနှစ်ရာလောက်ကို သူတို့ မူလကျေးရွာတွေ မှာ ပြန်လည်နေရာချထားရေး အတွက် ပြည်နယ်အစိုးရက စီစဉ်နေပါတယ်။
ဒုက္ခသည်တွေနေရပ်ပြန်ရေး စီစဉ်ပေးနေတဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်လူမှှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာ က RFA ကို အခုလို ပြော ပါတယ်။
"ဒေါက်တာ မြမြအုန်းခင် မြစ်ကြီးနားကလာ တဲ့ခရီးစဉ်မှာ ငွေ ၂၁၄ သိန်းလို့ထင်ပါတယ်ရှင့်၊ အဲ့ဒါတွေသူက ထောက်ပံ့ထားခဲ့တယ်၊ ဟိုမှာ ပျက်နေတဲ့အိမ်တွေလည်း ကြိုတင်ပြင်ဆင်ထားဖို့ ရယ်၊ ကျောင်းကိစ္စကတော့ ကျမတို့ ပညာရေးနဲ့ ကချင်ပြည်နယ် အစိုးရက ဆောင်ရွက်သွားမှာ ၊ နောက် ကျန်းမာရေးကတော့ ကျမတို့ က ကျေးလတ်ကျန်းမာရေးက အသစ်စက်စက် တည်ဆောက်ထားပြီးသား၊ NGO၊ INGO က ၆ လစာ ဆန်ထောက်ပံ့မယ်၊ ကျမတို့ ၃၀ ရက်နေ့မှာရွှေ့ပြောင်းဖို့ စီစဉ်ထားပါတယ်"
အဲ့ဒီဒုက္ခသည်တွေဟာ ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့နယ်အတွင်းက စိန်လုံကမ္ဘာ၊ စိန်လုံပန်းချီ၊ ပါမိုရွာတွေ ကဖြစ်ပြီး ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်နဲ့ အစိုးရတပ်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့လို့ လွယ်ဂျယ်မြို့ပေါ်က ဒုက္ခသည်စခန်းဆီ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
ဒုက္ခသည်တွေကို ပြန်လည်နေရာချထားပေးမယ့် ရွာတွေမှာ စာသင်ကျောင်း၊ ဆေးပေးခန်းတွေကို ကချင်ပြည်နယ် အစိုးရက အသစ်ဆောက်လုပ်ပေးနေပြီး ဒုက္ခသည်အားလုံး စက်တင်ဘာ ၃၀ ရက်နေ့မှာ နောက်ဆုံး ထားပြောင်းရွှေ့နိုင်အောင် စီစဉ်ထားတယ်လို့တယ်လို့လည်း ဒေါ်ဘောက်ဂျာက ပြောပါတယ်။
ဒီအကြောင်းတွေနဲ့ပတ်သက်လို့ ကချင်ပြည်နယ် လူမှှုရေးရာဝန်ကြီး ဒေါ်ဘောက်ဂျာကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။