ကော့ကရိတ်မှာ ကျောင်းသူကျောင်း သား ၁ဝဝ ကျော် ရေအဆိပ်သင့်
2015.09.23

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် သရက်တောကျေးရွာက အလယ်တန်းကျောင်းမှာ ကျောင်းသား ကျောင်းသူ ၁ဝဝ ကျော် ဒီနေ့ ရေအဆိပ်သင့်ပြီး မူးဝေအော့အန် နေတာကြောင့် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။
ကျောင်းနားမှာရှိတဲ့ သောက်သုံးရေကန်က ရေကို သောက်မိရာကနေ အဆိပ်သင့်တာ ဖြစ်ပြီး ကျောင်းသူ ကျောင်း သား တစ်ရာကျော် ကို ကော့ကရိတ်မြို့နယ်ဆေးရုံနဲ့ ကျုံဒိုးတိုက်နယ်ဆေးရုံတွေထံ ပို့ဆောင်ထားတယ် လို့ ကော့ကရိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး က ဒုတပ်ကြပ်မျိုးမင်းထွန်း က ပြောပါတယ်
"ကျနော်တို့ ကော့ကရိတ်ဆေးရုံရောက်တာက ၆၉ ယောက်၊ ကော့ကရိတ်ဆေးရုံနဲ့ ကျုံဒိုးဆေးရုံကိုခွဲ ပြီးတော့ ဆေးဝါးကုသမှုခံယူနေပါတယ်၊ အခုကျနော်တို့ သိရတာကတော့ ရေအဆိပ်သင့်တယ်လို့သိရတယ်"
ရွာသားတွေက အဲဒီသောက်သုံးရေကန်အနီးမှာ ဗျိုင်းတွေကို ထောင်ချောက်ဆင်ပြီး ဖမ်းဆီးကြလေ့ရှိရာ အဲဒီလို ဖမ်းဆီးရာမှာ အသုံးပြုတဲ့ ဆေးရည် က ရေကန်ထဲ ရောက်ရှိပြီး အဆိပ်သင့်တာဖြစ်တယ်လို့ ဒေသခံတွေ က ပြောပါတယ်။
အဲ့ဒီအလယ်တန်းကျောင်းမှာ ကျောင်းသားကျောင်းသူ ၃ဝဝ နီးပါးရှိပြီး အခု ဆေးရုံမှာ ၁၃၅ ယောက် ရောက် ရှိနေတာဖြစ်ပါတယ်။ အဲဒီသောက်သုံးကန်က ရေကို ဓာတ်ခွဲစမ်းသပ်ဖို့အတွက် ရန်ကုန်မြို့ကို ပေးပို့သွားမယ်လို့ သိရပါတယ်။