ရေအရင်းအမြစ်အတွက် မြန်မာကို နယ်သာလန် ကူညီ


2014.06.11
water-donate-kachin-305.jpg ဒိန်းမတ်နဲ့ မြန်မာနိုင်ငံက ကြက်ခြေနီတွေ ပူးပေါင်းပြီး ဝိုင်းမော် မြို့နယ် စစ်ဘေးဒုက္ခသည်စခန်းက စစ်ဘေးရှောင်ပြည်သူတွေ ကို ဧပြီလ ၉ ရက်နေ့က သောက်သုံးရေဖြန့်ဝေနေစဉ်
photo: RFA/ Kyaw Myo Min

မြန်မာနိုင်ငံမှာ ရေအရင်းအမြစ် စီမံခန့်ခွဲမှုအတွက် နယ်သာလန်နိုင်ငံနဲ့အတူ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တွေဟာ တိုးတက်အောင်မြင်မှုတွေရရှိနေပြီ လို့ နယ်သာလန်ဝန်ကြီးက ပြောပါတယ်။

နယ်သာလန်နိုင်ငံ အခြေခံအဆောက်အအုံနဲ့ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး ရှုဇ်ဗန်ဟေဂင်က သူ့ရဲ့ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်အတွင်း ပြော ကြားခဲ့တာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် မေလက ပထမအကြိမ် လာရောက်ခဲ့ရာမှာ မြန်မာနိုင်ငံ ရေ အရင်းအမြစ် စီမံခန့်ခွဲမှုအတွက် နယ်သာလန်နဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူလက်မှတ်ရေး ထိုးခဲ့တာဖြစ်ပြီး၊ ဒုတိယခရီးကတော့ အဲဒီအစီအစဉ် အကောင်အထည်ဖေါ်မှု အခြေအနေတွေကို တင်ပြတဲ့ဆွေးနွေးပွဲကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ရေအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမှာ မြစ်ကြောင်းတွေ တစ်လျှောက် ရေလွှမ်းမိုးမှု ကာကွယ်တားဆီးရေး၊ ရေ အားလျှပ်စစ်ထုတ်ယူရေး၊ မြစ်ကြောင်းသွားလာရေးနဲ့ ဆိပ်ကမ်းတွေ တည်ဆောက်ရေး၊ စိုက်ပျိုးရေး၊စက်မှုလုပ်ငန်းနဲ့ မြို့တွေ ရွာတွေမှာ ရေရရှိရေး စတဲ့အစီအစဉ်တွေ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။