နယ်စပ်ဂိတ်တွေမှာ အချိန်ကြန့်ကြာနေလို့ ဖရဲသီးတွေ ပျက်စီး

2021.12.06
နယ်စပ်ဂိတ်တွေမှာ အချိန်ကြန့်ကြာနေလို့ ဖရဲသီးတွေ ပျက်စီး မူဆယ်နယ်စပ်တွင် တရုတ်ကို တင်ပို့မယ့် ဖရဲသီးကားတွေကို တွေ့ရစဉ်
ဓာတ်ပုံ - ခွာညို သစ်သီးပွဲရုံ

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ ကျင်ဆန်းကျော့ဂိတ်ကနေ တရုတ်နိုင်ငံဘက် ကုန်စည်တင်ပို့ရာမှာ အချိန်တွေ ကြန့်ကြာနေလို့ ဖရဲသီးတွေ ပျက်စီးကုန်တယ်လို့ သစ်သီးကုန်သည်တွေက ပြောပါတယ်။

ကျင်ဆန်းကျော့ဂိတ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က ပြန်ဖွင့်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး ပြန်စနေပေမယ့် တရုတ်နိုင်ငံဘက် ပို့မယ့်ကုန်တွေဟာ မြန်မာဘက်အခြမ်းမှာ အဆင့်ခြောက်ဆင့်လောက် ဖြတ်သန်းရပြီး တရုတ်ဘက်မှာလည်း အကောက်ခွန်စနစ် အပြောင်းအလဲတွေ စောင့်ဆိုင်းရလို့ အချိန်တွေ ကြန့်ကြာနေတာ လို့ ကုန်သည်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်ကတည်းက တရုတ်နိုင်ငံထဲကိုဝင်သွားတဲ့ ဖရဲသီးကား အစီးရေ ၂၀ ကျော်ဟာ အသီးတွေရောင်းရမယ့် ကုန်ချကွင်းကို မရောက်သေးသလို မူဆယ် ၁၀၅ မိုင်မှာလည်း တရုတ်နိုင်ငံထဲ ပို့ဖို့ စောင့်နေတဲ့ ကားအစီးရေ ၁၀၀ ကျော်လောက် စောင့်နေရတာ တစ်ပတ်ကျော်ရှိနေပြီလို့ ပြောပါတယ်။

တရုတ်နိုင်ငံဘက်ကနေ မြန်မာဘက်ကိုပို့မယ့် ကုန်ကားအစီးရေ နှစ်ရာကျော်လောက်လည်း လက်ရှိ တရုတ် နိုင်ငံထဲမှာပဲရှိနေပြီး ဂိတ်ဖွင့်ပြီးထဲက ကုန်ကားနှစ်ဆယ်ကျော်လောက်သာ မြန်မာဘက်ကို ဝင်လာနိုင် သေးတယ်လို့ ဆိုပါတယ်။

ကျင်ဆန်းကျော့ဂိတ် ပြန်ဖွင့်ပြီးနောက် တရုတ်အကောက်ခွန်စနစ် သတ်မှတ်ချက်နဲ့ အဆင့်ဆင့် သယ်ယူ ပို့ဆောင်ရတာတွေကြောင့် မူဆယ်ကနေ ကျင်စန်းကျော့အထိ ဖရဲကားတစ်စီးရဲ့ ကုန်ကျငွေဟာ ကျပ်သိန်း လေးဆယ်လောက် ရှိတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။