နိုင်ငံသားမဟုတ်သူတွေ မဲပေးခွင့်ကိစ္စ လွှတ်တော်အမတ် ၂၈ ဦး ခုံရုံးထံတင်ပြ


2015.02.06
dr-aye-maung-b305 ရခိုင်အမျိုးသားများပါတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ပုံ
RFA

ဝိုက်ကဒ်လို့ခေါ်တဲ့ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် လူထုဆန္ဒခံယူပွဲ ကျင်းပတဲ့အခါမှာ White Card လို့ ခေါ်တဲ့ “ယာယီသက်သေခံကဒ်ပြား” ကိုင်ဆောင်ထားသူတွေ ကို မဲပေးခွင့်ပြုလိုက်တာဟာ အခြေခံဥပဒေပါ ပုဒ်မတွေကို ချိုးဖောက်မှုရှိမရှိ အဆုံးအဖြတ်ပေးဖို့ အတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၈ ဦးက လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို ဒီကနေ့ တင်သွင်းလိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မတွေနဲ့ လွဲချော်နေတယ် ဆိုရင် အဓိပ္ပါယ်ပြန်ဖွင့်ပေးဖို့ ခုလို တင်လိုက်တာလို့ အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာ အေးမောင်က ပြောပါတယ်။

"၂ဝဝ၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင် ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေ အဲ့ဒီလောက် ရှည်လျားတဲ့ ဥပဒေပေါ့ဗျာ၊ တည်ဆဲဥပဒေတွေနဲ့ပတ်သက်လို့ တန်းညှိနိုင်အောင် ဖွဲ့စည်ပုံပါ ပုဒ်မ ၄၅၇ ခုအတွင်းက တစ်ခုခုနဲ့မငြိဘူးဆိုရင် ဆန့်ကျင်နေလျှင် အတည်မဖြစ်ဘူး၊ မဆန့်ကျင် သမျှတော့ အတည်ဖြစ်တယ်ဆိုတဲ့ ပြဌါန်းချက်ရှိတဲ့အခါကျတော့ ဟုတ်ပြီ အဓိပ္ပါယ်ပြန်ဖွင့်ပေးပါ၊ အဲ့ဒီသဘောနဲ့ ကျနော်တို့ တင်ထားတာပါ၊ ဒီနေ့ တင်လိုက်ပြီးပါပြီ"

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပချိန်မှာ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရ သူနဲ့ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို ဆန္ဒမဲပေးခွင့်ကို နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်ဆီ သဘောထားပေးပို့တာကို ပြည်ထောင်စုလွှတ်တော်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက် နေ့က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ဝှိုက်ကဒ်ကိုင်ဆောင်ထားသူတွေ မဲပေးခွင့်ပြုလိုက်တဲ့အတွက် ရခိုင်အမျိုးသားပါတီကလည်း ကန့်ကွက်ထားသလို ရခိုင်ပြည်နယ်အတွင်းက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကလည်း ကန့်ကွက်ထားကြပါတယ်။

ဒေါက်တာအေးမောင်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

တဆက်တည်း ဒီကိစ္စအပေါ် နိုင်ငံရေးပါတီအသီးအသီးရဲ့ ရပ်တည်ချက်တွေနဲ့ပတ်သက်လို့ RFA အဖွဲ့သား ဦးတင်အောင်ခိုင်ရဲ့ တင်ပြချက်ကိုလည်း နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။