ဖြူ /အစိမ်းကတ် ကိုင်သူတွေရဲ့ မဲပေးခွင့် ရွေးကောက်ပွဲကော်မရှင် ဆုံးဖြတ်မည်


2015.07.13
whitecard-620.jpg White Card ကိုင်ဆောင်ထားသူတစ်ဦးကို မြင်ရစဉ်
Photo: Min Thein Aung/RFA

White Card ခေါ် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ခဲ့သူတွေနဲ့ လက်ရှိအစိမ်းရောင်ကတ်ပြား ကိုင်ဆောင်ထားသူတွေ မဲပေးခွင့်ရှိခြင်း မရှိခြင်းဟာ ပြည်ထောင်စုလွှတ်တော်ကသာ ဆုံးဖြတ်ရ မှာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီကနေ့ ရခိုင်ပြည်နယ် ကျောက်ဖြုမြို့မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရခိုင်ပြည်နယ် တာဝန်ခံ ဒေါက်တာမောင်မောင်ကြည်ဟာ နိုင်ငံရေးပါတီ ၈ ပါတီက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး RFA က မေးမြန်းစဉ်မှာ ပြောကြားလိုက်တာဖြစ်ပါတယ်။

"ဝှိုက်ကတ်ကို ရခိုင်ပြည်နယ်မှာ အပ်တဲ့လူက တစ်ဝက်လောက်ပဲ အပ်သေးတဲ့အတွက်ကြောင့် ရက်တိုးပေးထားတာရှိပါတယ်၊ ဒီလူတွေ မဲပေးခွင့် ရှိ၊ မရှိ ဆိုတာက လွှတ်တော်ကပဲ ဆုံးဖြတ်မှရပါမယ်၊ ကျနော်တို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့တော့ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးပေါ့"

ရခိုင်ပြည်နယ်မှာ အရင်က ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ခဲ့သူ ၃သိန်းရှိရာမှာ တစ်သိန်းခွဲလောက်သာ ကတ်ပြားပြန်အပ်တာရှိကြောင်းနဲ့ သူတို့ကတ်ပြားတွေ ပြန်အပ်ဖို့အတွက် သက်တမ်းတိုးပေးထားကြောင်း လည်း ပြောပါတယ်။

ကော်မရှင်အဖွဲ့ဝင် ရခိုင်ပြည်နယ်တာဝန်ခံ ဒေါက်တာမောင်မောင်ကြည်ကို RFA သတင်းထောက် မရွှေရည်မဉ္ဇူ  ဆက်သွယ်မေးမြန်းခဲ့တာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။