ရန်ကုန်လေဆိပ် အဆင့်မြှင့်တင်မည်


2018.11.19
ygn-airport-prize-622.jpg ၂ဝ၁၈ နိုဝင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည့် ငါးသန်းမြောက်ခရီးသည်ကို အမှတ်တရဆုများ ချီးမြှင့်စဉ်
Photo: Yangon International Airport

ရန်ကုန် နိုင်ငံတကာလေဆိပ်ကို နိုင်ငံတကာ လေကြောင်းသွားလာရေးနဲ့ ကိုက်ညီအောင် ထပ်ပြီး အဆင့်မြှင့်မယ်လို့ ရန်ကုန်လေဆိပ် ဝန်ဆောင်မှု ကုမ္ပဏီ (Yangon Aerodrome Company Limited) က နိုဝင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်လေဆိပ်ရဲ့ နိုင်ငံတကာ လေကြောင်းလမ်းကွန်ရက် တိုးတက်ဖို့အတွက် ဈေးကွက် မြှင့်တင်နေတာလို့လည်း ပြောပါတယ်။ လက်ရှိ ၂ဝ၁၈ ခုနှစ်ဟာ ငါးနှစ်အတွင်း ခရီးသည်လာရောက်မှု  အနှေးကွေးဆုံးပဲလို့ လေဆိပ်က ဝန်ခံပေမယ့် YACL က ခုလို ကြေညာတာလည်း ဖြစ်ပါတယ်။

၂ဝ၁၈ ခုနှစ်အတွင်း ခရီးသည် ၆ သန်းလောက်အထိ ဝန်ဆောင်မှုပေးဖို့ လေဆိပ်က လျာထားပေမယ့် ရန်ကုန် နိုင်ငံတကာလေဆိပ်ကို ရောက်ရှိလာတဲ့ ခရီးသည်အရေအတွက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ငါးသန်းအထိသာ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ငါးနှစ်ကျော်အတွင်း မြန်မာနိုင်ငံက နိုင်ငံတကာအဆင့်မီ လေဆိပ် သုံးခုထဲမှာ ရန်ကုန်လေဆိပ်ကို ရောက်လာတဲ့ လေကြောင်းခရီးသည် တစ်နှစ်ကို ပျမ်းမျှ ၈.၆ ရာခိုင်နှုန်း တိုးများလာတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။