နိုင်ငံတစ်ဝန်း မတ်လအတွင်း အမျိုးသမီး ၂၉ ဦးသေဆုံး၊ ၅၈ ဦးဖမ်းဆီးခံရ

RFA Burmese
2023.04.07
နိုင်ငံတစ်ဝန်း မတ်လအတွင်း အမျိုးသမီး ၂၉ ဦးသေဆုံး၊ ၅၈ ဦးဖမ်းဆီးခံရ မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းမှ ထွက်ပြေးတိမ်းရှောင်လာကြသည့် ဒေသခံများအား ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မြန်မာနိုင်ငံတစ်ဝန်း ပြီးခဲ့တဲ့မတ်လအတွင်း အမျိုးသမီး ၂၉ ဦး သေဆုံးပြီး ၅၈ ဦး ဖမ်းဆီး ခံခဲ့ရတယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂ (Burmese Women's Union) က ဧပြီ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။

လက်နက်ကိုင်ခုခံမှု ပြင်းထန်တဲ့ စစ်ကိုင်းတိုင်းတစ်ခုထဲမှာတင် အမျိုးသမီး ၁၇ ဦး သေဆုံးပြီး ၂၄ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

သေဆုံးခဲ့ရတဲ့ အမျိုးသမီးတွေဟာ စစ်ကိုင်းတိုင်းမှာ ၁၇ ဦး၊ ချင်းပြည်နယ်မှာ လေးဦး၊ ရှမ်းပြည်နယ်မှာ တစ်ဦး၊ ကရင်ပြည်နယ်မှာ တစ်ဦး၊ မကွေးတိုင်းမှာ သုံးဦး၊ မွန်ပြည်နယ်မှာ နှစ်ဦးနဲ့ မန္တလေးတိုင်းမှာ တစ်ဦးတို့ ဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီးတွေကတော့ စစ်ကိုင်းတိုင်းမှာ ၂၄ ဦး၊ ရှမ်းပြည်နယ်မှာ နှစ်ဦး၊ မန္တလေးတိုင်းမှာ နှစ်ဦး၊ ရန်ကုန်တိုင်းမှာ ရှစ်ဦး၊ တနင်္သာရီတိုင်းမှာ ၁၀ ဦး၊ ကချင်ပြည်နယ်မှာ သုံးဦး၊ ပဲခူးတိုင်းမှာ နှစ်ဦး၊ မကွေးတိုင်းမှာ သုံးဦးနဲ့ ဧရာဝတီတိုင်းမှာ လေးဦးတို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်းက အမျိုးသမီး ၇၈၅ ဦး ပြစ်ဒဏ်ချမှတ် ခံထားရပြီး ၄၅၈ ဦး သေဆုံးကာ ၃,၃၀၇ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီအချက်အလက်တွေဟာ လွတ်လပ်တဲ့ သတင်းမီဒီယာအဖွဲ့အစည်းတွေကနေ ကောက်ယူထားတာဖြစ်ပြီး မြေပြင်အခြေအနေမှာ ဒီထက်ပိုနိုင်တယ်လို့ မြန်မာအမျိုးသမီး သမဂ္ဂ (Burmese Women's Union) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။