ပျမ်းမျှကုန်ကျစရိတ် စစ်တမ်းကွာဟမှု အလုပ်သမားတွေ မကျေနပ်


2015.04.21
textile-factory-305 ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတခုတွင် အလုပ်သမတဦး စက်ချုပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အနည်းဆုံးလုပ်ခလစာ သတ်မှတ်နိုင်ဖို့အတွက် အစိုးရက မြို့နယ်ပေါင်းတစ်ရာကျော်မှာ လူတစ်ဦးချင်းစီ ရဲ့ ပျမ်းမျှကုန်ကျစရိတ်ကို စစ်တမ်းကောက်ယူခဲ့ရာမှာ အလုပ်သမားတွေဖက်က တင်ပြထားတဲ့ တစ်ရက်ကုန် ကျစားရိတ်နဲ့ ကျပ်တစ်ထောင့်ငါးရာလောက် ကွာဟနေကြောင်း သိရပါတယ်။

အစိုးရက လာမယ့်ရက်ပိုင်းအတွင်းမှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး လိုအပ်ရင် ထပ်မံကောက်ယူမှာဖြစ်တယ်လို့ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကစတင်ပြီး နေပြည်တော်ကောင်စီအပြင် တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှာရှိတဲ့ စက်မှုဇုန်တွေမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေထံက စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။

တိုင်းနဲ့ပြည်နယ်အသီးသီးက အလုပ်သမားတွေက သူတို့ရဲ့တစ်ရက်ကုန်ကျစရိတ်ဟာ ၃၅ဝဝ ကျပ်ကနေ ၅၀၀၀ ကျပ်အထိရှိနေတယ်လို့ တင်ပြထားပေမယ့် အစိုးရရဲ့ စစ်တမ်းကောက်ယူမှုအရ ဖော်ပြချက်မှာတော့ ကျပ်ငွေ ၃၅ဝဝ ကနေပြီး ၂၂ဝဝ အထိသာ ကုန်ကျမှုရှိတယ်လို့ ဖော်ပြပါရှိပါတယ်။

အလုပ်သမားတွေရဲ့ တင်ပြချက်နဲ့ အစိုးရစစ်တမ်းရဲ့ထုတ်ပြန်ချက်ဟာ ကျပ်ငွေ ၁၅ဝဝ ကနေ ၂ဝဝဝ လောက် ကွာဟနေတာကြောင့် အလုပ်သမားတွေက ကျေနပ်မှုမရှိကြဘူးလို့ သိရပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မခင်ပြည့်စုံ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။