သဘာဝဘေး ပြန်လည် ထူထောင်ရေး ကမ္ဘာ့ဘဏ် က ဒေါ်လာသန်း ၂ဝဝ ချေး


2016.07.18
hakha-land-slide-620 ဟားခါးမြို့မြေပြိုမှုကြောင့် ပျက်စီးနေတဲ့အိမ်များကို တွေ့ရစဉ်
ဓါတ်ပုံ - ကျော်ထွန်းနိုင်/RFA

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ရေကြီးရေလျှံခဲ့ပြီး၊ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံအထက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း စတဲ့ ဒေသတွေ မှာ ပြန်လည်ထူထောင်ရေးတွေဆောက်ရွက်ဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထုတ်ချေးမယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ချေးငွေ ဒေါ်လာ သန်း ၂၀၀ ကို အရေးပေါ်အခြေအနေရောက်ခဲ့တဲ့ ဒေသတွေမှာ ပျက်စီးခဲ့ရတဲ့ လယ်ယာလုပ်ငန်းတွေ ပြန်လည်ထူထောင်ဖို့၊ သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်တဲ့ လမ်းတွေ၊ တံတားတွေ ပြန်လည်တည်ဆောက်ဖို့ သုံးစွဲမယ်လို့ သိရပါတယ်။

ဒီလုပ်ငန်းတွေကို စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန လက်အောက် က ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တို့ ပူးပေါင်း ဆောင်ရွက်ကြမှာဖြစ်ပါတယ်။

သဘာဝဘေးဒဏ် ဆိုးဆိုးရွားရွားခံစားခဲ့ရတဲ့ ဓရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ အဓိက ဆောင်ရွက်မယ်လို့ သိရပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အခုချေးငွေ ဒေါ်လာသန်း ၂၀၀ ဟာ အတိုးမဲ့ နှစ်ရှည်ချေးငွေဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။