မြန်မာအပါအဝင် အာရှနိုင်ငံတွေမှာ သတင်းထောက်တွေ အန္တရာယ်ပိုများ


2018.05.03
media-622.jpg သတင်းထောက်တွေ သတင်းယူနေစဉ်
Photo: RFA

ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ တနင်္လာနေ့က အာဖဂန်နစ္စတန် ကဘူးမြို့တိုက်ခိုက်မှုမှာသေဆုံးသွားတဲ့ သတင်းထောက် ၁၀ ယောက်ကို အောက်မေ့ဝမ်းနည်းဖွယ်အဖြစ် အသိအမှတ်ပြုကြပါတယ်။

မြန်မာနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတွေအပါအဝင် အာရှတလွှားမှာ သတင်းထောက်တွေအတွက် အသက်အန္တရာယ် စိုးရိမ်စရာပိုများနေတဲ့ကာလမှာ အခုလို အာဖဂန်နစ္စတန်မှာ သတင်းထောက်တွေ တိုက်ခိုက်ခံရတာလည်းဖြစ်ပါတယ်။

အဲဒီသတင်းထောက်တွေဟာ ကမ္ဘာမှာသတ္တိအကောင်းဆုံးပုဂ္ဂိုလ်တွေဖြစ်တယ်လို့ Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ တောင်အာရှဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး အိုမာဝါရစ်ရှ်ကပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရအောက်မှာ သတင်းလွတ်လပ်ခွင့်ပိုရဖို့ မျှော်လင့်နေရတယ်လို့ဆိုပါတယ်။ အစိုးရနောက်မှာ စစ်တပ်ရှိနေတဲ့အခြေအနေက သတင်းလွတ်လပ်ခွင့်နဲနေသလို၊ သတင်းသမားတွေ ခြိမ်းခြောက်ခံရတာ၊ အဖမ်းခံရတာ၊ တိုက်ခိုက်ခံရတာ တွေလဲရှိနေတယ်လို့ဆိုပါတယ်။ ဒါကြောင့် မြန်မာ့သတင်းလွတ်လပ်ခွင့် ပြဒါးတိုင်ဟာ အရင်ကထက် အဆင့် ၆ ဆင့်နိမ့်ကျသွားပြီး ၁၃၇ အဆင့်ကိုရောက်သွားတယ်လို့ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။