စာရေးဆရာ ခိုင်ထူးသစ်နဲ့ CDM ဝန်ထမ်း နှစ်ယောက် အဖမ်းခံထားရ

2022.02.06
စာရေးဆရာ ခိုင်ထူးသစ်နဲ့ CDM ဝန်ထမ်း နှစ်ယောက် အဖမ်းခံထားရ စာရေးဆရာ ခိုင်ထူးသစ် ကို တွေ့ရစဉ်
Photo: CJ

ရှမ်းပြည်မြောက်ပိုင်း နန့်ခမ်းမြို့မှာ စာရေးဆရာ ခိုင်ထူးသစ်နဲ့ အာဏာဖီဆန်ရေး CDM လုပ်ထားတဲ့ ဝန်ထမ်း နှစ်ယောက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်က အဖမ်းခံလိုက်ရ တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

သူတို့သုံးယောက်ဟာ ဇန်နဝါရီ ၃၀ ရက် ညပိုင်းက နမ့်ခမ်းမြို့ အိမ်တစ်အိမ်မှာ စစ် ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အဖမ်းခံခဲ့ရတာလို့ စာရေးဆရာ ခိုင်ထူးသစ်ရဲ့ မိသားစုဝင် တစ်ယောက်က ပြောပါတယ်။

"နောက်ဆုံး တနင်္ဂနွေ ၄ နာရီ ၃၄ မိနစ်အထိ အဆက်အသွယ်ရသေးတယ်။ သူ့ကို တနင်္ဂနွေနေ့ ညပိုင်းက ခေါ်သွားတယ်၊ ဖမ်းသွားတယ်ပေါ့။ သူနဲ့အတူ CDM ဝန်ထမ်း နှစ်ဦးလည်း ပါသွားတယ် ပြောတယ်ရှင့်"

စာရေးဆရာ ခိုင်ထူးသစ်နဲ့အတူ CDM လုပ်ထားတဲ့ အလယ်တန်း ကျောင်းအုပ်တစ်ယောက် နဲ့ CDM လုပ်ထားတဲ့ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း တစ်ယောက်တို့ အဖမ်းခံခဲ့ရတာပါ။

စစ်ကောင်စီဘက်က သူတို့ကို ဘာကြောင့်၊ ဘယ်မှာဖမ်းထားတယ်ဆိုတာ မိသားစုဝင် တွေကို အကြောင်းကြားတာ မရှိသေးဘူးလို့ ဆိုပါတယ်။

စာရေးဆရာ ခိုင်ထူးသစ်ဟာ သူ့မိသားစုဝင်တွေ ပြောပြချက်အရ ကျန်းမာရေး ကောင်းမွန် သူဖြစ်ပြီး လက်ရှိစစ်ကြောရေးမှာ ဖမ်းဆီးခံထားရတယ်လို့ မိသားစုဝင်ဝင်တွေက ယူဆ နေကြပါတယ်။

အသက် ၄၃ နှစ်အရွယ် စာရေးဆရာ ခိုင်ထူးသစ်ဟာ မြှားနတ်မောင်၊ မဟေသီ၊ ရွှေအမြု တေ စတဲ့ မဂ္ဂဇင်းတွေမှာ ဝတ္တုတိုတွေ ရေးသားခဲ့ဖူးသလို ၂၀၁၉ ခုနှစ်မှာ "ကမ္ဘာကြီးကို ခိုးမယ့်သူ" ဆိုတဲ့ ဝတ္တုတိုပေါင်းချုပ်ကိုလည်း ဖန်တီးခဲ့သူ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။