လူငယ် စာရေးဆရာတဦး မူးယစ်ဆေးမှုဖြင့် စွပ်စွဲဖမ်းဆီးခံရ
2011.05.13

(Photo: AFP)
ဒါပေမဲ့ တကယ့် မူးယစ်ရာဇာတွေကို ဖမ်းဆီးတာမဟုတ်ပဲ လက်လီ သမားတွေ မူးယစ်ဆေးသုံးသူတွေကိုသာ အဖမ်းများနေတာလို့လည်း သိရပါတယ်။
လက်လီရောင်းတဲ့ မူးယစ်ဆေး အထုပ်ငယ်တွေကို ရန်ကုန် နိုက်ကလပ်တွေမှာ အလွယ်တကူ ရနိုင်တယ်လို့ ဆိုပါတယ်။
အခုလို အဖမ်းအဆီးတွေ များနေချိန်မှာ မူးယစ်ဆေးဝါးမှုနဲ့ ပတ်သက်တယ်ဆိုပြီး လူငယ်ကဗျာဆရာ ဇာတ်ညွှန်းရေးဆရာ စာရေးဆရာ ဝေမှူးသွင်ကို ရန်ကုန် သင်္ကန်းကျွန်းနေအိမ်ကနေ မူးယစ်အထူးတပ်ဖွဲ့က မေလ ၇ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင် သွားပါတယ်။
သူ့ကို ဖမ်းဆီးချိန်မှာ မူးယစ်ဆေးဝါး လက်ဝယ်မရှိပေမဲ့ ကျောက်တံတားမြို့နယ်က လူငယ် နှစ်ဦးကို WY စိတ်ကြွဆေးပြားတွေနဲ့ အတူ ဖမ်းဆီးမှုနဲ့ ဆက်စပ်တယ်ဆိုပြီး အမှုကွင်းဆက်အရ ဖမ်းဆီးတာလို့ သိရပါတယ်။ ဝေမှူးသွင်ဟာ မြန်မာ့ဒီမိုကရေစီ ကွန်ဂရက်ပါတီ ထူထောင်ခဲ့ပြီး ပါတီဝင် အင်အားမပြည့်တဲ့အတွက် အဲဒီပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရခဲ့ပါဘူး။