Y-8 လေယာဉ်ပျက်ကျ မှုကြောင့် သေဆုံးသူ ၂၆ ဦး အလောင်းကို ရှာဖွေတေ့ွရှိ


2017.06.11
y-8-corpse-620.jpg လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို ဇွန်လ ၁၁ ရက်နေ့က ထပ်မံရှာဖွေတွေ့ရှိစဉ်
Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး/ Facebook

ပျက်ကျသွားတဲ့ တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်မှာ ပါဝင်သွားသူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့တွေဟာ ဒီကနေ့မှာ အလောင်း ၂၆ လောင်းကို ထပ်မံ ရှာဖွေတွေ့ရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံဘုတ်ကျွန်း၊ မရင်းကြီးကျေးရွာနဲ့ စန်းလန်းကျေးရွာတွေအနီးမှာ ဒီကနေ့မနက် ၇ နာရီကနေ နေ့လည် ၂ နာရီဝန်းကျင်အတွင်း အလောင်း ၁၃ လောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။

တွေ့ရှိခဲ့တဲ့ အလောင်းတွေထဲမှာ အမျိုးသမီးအလောင်း ၂ လောင်း၊ အမျိုးသား အလောင်း ၂၂ လောင်း၊ ကလေး အလောင်း ၁ လောင်းနဲ့ အတည်ပြုဆဲ အလောင်း ၁ လောင်းရှိတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြချက်တွေအရ သိရပါတယ်။

အဲဒီအထဲက တပ်မတော်သား ၂ ဦးရဲ့အလောင်းတွေကို ဒီကနေ့ မနက်မှာ သြင်္ဂ ိုဟ်လိုက်ပါတယ်။

လက်ရှိအချိန်အထိ ပျက်ကျတဲ့ လေယာဉ်မှာ ပါသွားသူတွေရဲ့ ရုပ်အလောင်း ၅၉ လောင်းကို တွေ့ရှိထားတာဖြစ် ပါတယ်။

မြိတ်မြို့ကနေ ရန်ကုန်မြို့ကို ပျံသန်းလာတဲ့ တပ်မတော် ပို့ဆောင်ရေးလေယာဉ် Y-8 ဟာ ဇွန်လ ၇ ရက်နေ့ နေ့လည်ပိုင်းက ထားဝယ်မြို့အနောက်တောင်ဘက် ၄၃ မိုင်အကွာမှာ အဆက်အသွယ်ပြတ်တောက်သွား ပြီးနောက်ပိုင်းမှာ ပျက်ကျကြောင်း အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလေယာဉ်မှာ တပ်မတော်သားတွေ၊ မိသားစုဝင်တွေနဲ့ လေယာဉ်အမှုထမ်းတွေအပါအဝင် စုစုပေါင်း ၁၂၂ ယောက် လိုက်ပါသွားတာဖြစ်ပါတယ်။

ပျက်ကျသွားတဲ့ လေယာဉ်နဲ့ ပါဝင်သွားသူတွေကို လေတပ် ၊ ရေတပ်နဲ့ ဒေသခံပြည်သူတွေပူးပေါင်းပြီး ရှာဖွေနေ တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။