မစ္စရန်ဟီးလီ လူ့အခွင့်အရေးကော် မရှင်နဲ့ တွေ့ဆုံ
2015.01.16

ရခိုင်ပြည်နယ်က မွတ်စလင်ဘာသာဝင်တွေနဲ့ပတ်သက် ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ချမှတ်ထား တဲ့ အချက်တွေအားလုံးကို မြန်မာအစိုးရက လက်မခံနိုင် တာကြာင့် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee ရဲ့ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ကွဲပြားတဲ့အမြင်တွေရှိနိုင်တယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ဒီနေ့ ပြောပါ တယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Ms.Yanghee Lee နဲ့ တွေ့ဆုံစဉ်မှာ UN ရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး ထည့်သွင်းဆွေးနွေး ခဲ့တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ပြောပါတယ်။
"လူ့အခွင့်အရေးကချမှတ်ထားတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးပါ အချက်တွေ ကိုတော့ နိုင်ငံတော်က အကုန်လုံးတော့ လက်ခံထား တာတော့ မဟုတ်ပါဘူးခင်ဗျ၊ အထူးသဖြင့်တော့ ရခိုင်ပြည်နယ်မှာ ဟိုဖက်ကအကြံပြုထားတာ တွေကို နိုင်ငံတော်ပိုင်းက လက်ခံထားတာတော့ လဲမရှိသေး ပါဘူး၊ သူက Mandate ကို အကောင်အထည်ဖော်ရတဲ့အတွက်ကြောင့်မို့လို့ Mandateထဲမှာဖော်ပြထား တာတွေကို အကောင်အထည်ဖော်တဲ့ အပိုင်းမှာအားနည်းတယ်လို့မြင်ရင်တော့ လိုအပ်တာကို သုံးသပ် မှာပေါ့နော် "
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ လူ့အခွင့် အရေးကော်မတီကတင်သွင်းတဲ့ ရခိုင်ပြည် နယ်က မွတ်စလင်တွေကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးဖို့၊ တန်းတူအခွင့် အရေးတွေပေးဖို့ မြန်မာအစိုးရကိုတိုက်တွန်းတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ချမှတ်ခဲ့ပါတယ်။
အဲ့ဒီလိုကွဲပြားတဲ့ အမြင်တွေရှိနိုင်ပေမယ့် မကြာခဏထိတွေ့ဆက်ဆံတဲ့အခါ မတူညီတဲ့သဘောထားတွေကို ညှိနှိုင်းနိုင် မယ်လို့ ယုံကြည်ကြောင်း ဦးဝင်းမြက ပြောပါတယ်။
ဒီနေ့တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က စုံစမ်းစစ်ဆေးခဲ့တဲ့ အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးခဲ့မူနဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း မှာ သေနတ်ထိမှန်သေဆုံးခဲ့ရတဲ့ ဒေါ်ခင်ဝင်း အမူမှန်ပေါ်ပေါက်ရေး နိုင်ငံတော် သမ္မတကို တင်ပြထားတဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က လာမယ့် နိုဝင်ဘာလမှာ ကုလသမဂ္ဂကိုတင်ပြရမယ့် မြန် မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေ နဲ့ပတ်သက် တဲ့ အစီရင်ခံစာကိုလည်း အရပ်ဘက် လူမူအဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံဆွေးနွေးသွားမယ် လို့သိရပါတယ်။မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေး ကော်မရှင်ကို ပြီးခဲ့တဲ့နှစ် စက်တင် ဘာလက ပြင်ဆင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြကို RFA သတင်းထောက် ကိုသီဟထွန်းက တွေ့ ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။