စစ်တပ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားပိတ်ဆို့ရမယ်လို့ ယန်ဟီးလီပြော


2017.12.20
yangheelee-622.jpg မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ကို တွေ့ရစဉ်
Photo: Htet Arkar/RFA

မြန်မာ့တပ်မတော်စစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက ပြောလိုက်ပါတယ်။ မြန်မာအစိုးရက ပြည်ဝင်ခွင့်ပိတ်ပင် လိုက်ပြီးတဲ့နောက် ပြောကြားခဲ့တာပါ။

အခုလောလောဆယ် တွေ့ရမြင်ရတဲ့အတိုင်းဆိုရင် မြန်မာစစ်တပ်ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံတကာဖိအားကို ခံစားမိကြသေးပုံမရပါဘူး၊ အခုရှိနေတဲ့ဖိအားဟာလည်း သူတို့အပေါ် မှန်ကန်ထိရောက်တဲ့ဖိအားမျိုး ဟုတ် မဟုတ် မသေချာပဲဖြစ်နေပါတယ်လို့ မစ္စယန်ဟီးလီက ဆိုးလ်မြို့ကနေ တယ်လီဖုန်းကတဆင့် ရိုက်တာသတင်းဌာန ကို ပြောကြားခဲ့ပါတယ်။

ဒီအတွင်း တူရကီဝန်ကြီးချုပ် ဘီနာလီ က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခဟာ လူမျိုးတုံးသတ်ဖြတ် မှုဖြစ်ကြောင်း ပြောဆိုလိုက်ပြီး၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒုက္ခသည်တွေ ဘေးကင်းရန်ကွာ အိမ်ပြန်နိုင် ကြအောင် ဝိုင်းဝန်းကူညီဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်ဘဇား က ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့အပြီး ပြောဆိုခဲ့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။