ရန်ကုန်မှာ ဗုံးပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

RFA Burmese
2023.04.20
ရန်ကုန်မှာ ဗုံးပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းတစ်နေရာအား တွေ့ရစဉ်။
Screenshot: MOIWebPortal YouTube Video

ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ၁၁၇ ရပ်ကွက်၊ ကုန်းဘောင်အိမ်ရာမှာ ဧပြီလ ၁၉ ရက် မနေ့မနက်ပိုင်းက ကုန်းဘောင်လမ်းပေါ်မှာရှိတဲ့ အမှိုက်ကန်က အမှိုက်ထုပ်ကိုယူပြီး တွန်းလှည်းပေါ်တင်ချိန်မှာ ဗုံးပေါက်ကွဲလို့ ကလေးတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး မိခင်ဖြစ်သူ နဲ့ နောက်ကလေးငယ်တစ်ဦးလည်း အပြင်းအထန်ဒဏ်ရာရသွားတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

မိခင်ဖြစ်သူက တွန်းလှည်းတွန်းပြီး ကလေးငယ်နှစ်ဦးနဲ့အတူ အမှိုက်လာကောက်ရင်း အမှိုက်ကန်ထဲက အထုပ်တွန်းလှည်းပေါ်တင်လိုက်အချိန်မှာ ဗုံးပေါက်ကွဲခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

"နောက် စိုးရိမ်စရာကောင်းတဲ့ ကလေးကလည်း အသက် ၄ နှစ်၊ ၅ နှစ်လောက်ပဲရှိဦး မယ်။ မိခင်ကလည်း အသက် ၃၀ လောက်ပဲရှိမယ်။ သူလည်း တော်တော်လေး ပြင်းပြင်း ထန်ထန် ဒဏ်ရာရသွားတယ်။ လူနာတင်တဲ့ ကားရောက်လာလို့ ခေါ်သွားတယ်။ ဘယ်ဆေးရုံကို ခေါ်ဆောင်သွားတာလဲတော့ မသိဘူး"

ဗုံးပေါက်ကွဲပြီးနောက် လူနာတင်ယာဉ်ကားတွေနဲ့အတူ စစ်ကောင်စီတပ်သားတွေလည်း ရောက်လာတယ်လို့ ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်သွားတဲ့ ကုန်းဘောင်အမှိုက်ကန်နားက ၁၁၇ ရပ်ကွက်၊ ကုန်းဘောင်အိမ်ရာ ဟာ အငြိမ်းစား ဗိုလ်ချုပ်တွေ၊ ဗိုလ်မှူးတွေကို ချထားပေးတဲ့အိမ်ရာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

သေဆုံးပြီး ဒဏ်ရာတွေရသွားကြတဲ့ အမှိုက်ကောက်သူ မိသားစုသုံးဦးကတော့ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ၁၀၈ ရပ်ကွက် ကျူးကျော်မှာ နေထိုင်ကြသူတွေဖြစ်တယ်လို့ ပြော ပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။