ညွှန်ကြားချက်ချိုးဖောက်တဲ့ ရန်ကုန်တိုင်းအစိုးရကို အရေးယူပေးဖို့တောင်းဆို
နေရိန်ကျော်
2020.05.26
2020.05.26
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရအဖွဲ့ဝင်တချို့ဟာ ဗိုလ်တထောင်မြို့နယ်မှာ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က ရှင်ဥပဂုတ္တမထေရ်မြတ် ဖောင်တော်ရေချပွဲအခမ်းအနားကို တက်ရောက်ခဲ့တဲ့ အတွက် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်လို့ လူစုလူဝေးဖြစ်စေမယ့် ဘယ်လိုအခမ်းအနားကိုမှ မကျင်းပရဘူးဆိုတဲ့ ညွှန်ကြားချက်အမိန့်ကို ချိုးဖောက်ရာရောက်နေပြီလို့ ပြည်သူတချို့က လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝေဖန်နေကြပါတယ်။
အဲဒီအပြင် ညွှန်ကြားချက် ချိုးဖောက်မှုနဲ့ပြည်သူတွေကြားမှာ အရေးယူတာတွေရှိနေတဲ့အတွက် အမိန့်တွေ၊ ညွှန်ကြားချက်တွေ၊ ဥပဒေတွေဟာ ပြည်သူတွေအတွက်ပဲလား၊ အာဏာရပုဂ္ဂိုလ်တွေ မပါဘူးလားဆိုတာတွေလဲ ထောက်ပြနေကြပါတယ်။
မနေ့က မေလ (၂၆) ရက်နေ့မှာတော့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့လုပ်ရပ်ဟာ သဘာဝဘေး အန္တရာယ် ဆိုင်ရာဥပဒေတွေကို ချိုးဖောက်ရာရောက်တဲ့အတွက် လိုအပ်သလိုအရေးယူပေးပါဆိုပြီး မကွေးတိုင်း ပခုက္ကူမြို့ကကျောင်းသားတယောက်နဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့က ကျောင်းသားတယောက်က သူတို့ဒေသတွေကရဲစခန်းတွေမှာ တိုင်ကြားခဲ့ကြပါတယ်။
ကန့်ဘလူက တိုင်တဲ့ကျောင်းသားကတော့ ကိုချမ်းမြေ့အောင်ဆိုတဲ့သူဖြစ်ပါတယ်။ပခုက္ကူမြို့က တိုင်ကြားတဲ့သူကတော့ နည်းပညာတက္ကသိုလ်က မြို့ပြအင်ဂျင်နီယာ နောက်ဆုံးနှစ်ကျောင်းသား ကိုသာထက်အောင်ပါ။ ဘာကြောင့်အခုလိုတိုင်တာလဲ၊ ရဲစခန်းကရော ဘာပြော လဲဆိုတော့ ကိုသာထက်အောင် က RFA ကိုအခုလိုပြောပြပါတယ်။
“ကိုဗစ်နိုင်တင်း အမျိုးသားအဆင့်ဗဟိုကော်မတီကနေ မေလ ၃၁ ရက်ထိ ပွဲအခမ်းအနားတွေမလုပ်ရဘူး။ နာရေးကလွဲလို့ ဘာအခမ်းအနားမှ မလုပ်ရဘူးဆိုတဲ့ အမိန့်ညွှန်ကြားချက်ကို ပေါ်ပေါ်တင်တင် ချိုးဖောက်နေတယ်။ ဒါကို ကျနော်ပြည်သူတယောက်အနေနဲ့ မြင်တဲ့အတွက်ကြောင့်မို့လို့ ထောက်ပြချင်တဲ့အတွက် အကြောင်းကြားတာဖြစ်တယ်။ ကျနော်က ပခုက္ကူမှာနေတဲ့အတွက် ပခုက္ကူရဲစခန်းမှာ ပထမဆုံးအကြောင်းကြားတာ ဖြစ်ပါတယ်”
ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိရဆိုတဲ့အတိုင်းဖြစ်စေချင်တယ်လို့လဲ ကိုသာထက်အောင်က ပြောပါတယ်။
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကတော့ ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက အများပြည်သူနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်လုပ်ခွင့်ပြုလို့ ၂၀၁၈ ခုနှစ်ကတည်းကစထားတဲ့ ဗိုလ်တထောင်စေတီတော် ဘက်စုံမွမ်းမံပြုပြင်ရေးရဲ့ အစိတ်အပိုင်း ဆောင်ရွက်တဲ့နေရာကို သူတို့အစိုးရနေနဲ့ သွားတာဖြစ်သလို ချမှတ်ထားတဲ့ ဥပဒေစည်းမျဉ်းတွေချိုးဖောက်တာမဟုတ်ဘူး လို့ ပြန်လည်ဖြေရှင်းထားတဲ့အသံဖိုင်ကို သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကျရောက်လာတဲ့အချိန်ကစလို့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီကို မတ်လ ၁၃ ရက်နေ့မှာဖွဲ့ စည်းပြီးကြပ်မတ်ဆောင်ရွက်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ လူစုလူဝေးမဖြစ်အောင် လူမှုရေး၊ ဘာသာရေးအခမ်းအနားတွေ၊ ပျော်ပွဲရွှင်ပွဲတွေကို တားမြစ်ခဲ့ပြီး၊ တားမြစ်ချက်ကို ချိုးဖောက်ရင် ၂၀၁၃ ခုနှစ်ကပြဌာန်းထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့အရေးယူတာတွေရှိခဲ့ပါတယ်။ ဒီဥပဒေချိုးဖောက်တဲ့သူကို အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင် ၃ နှစ်အထိချနိုင်သလို၊ ငွေဒဏ် ဒါမှမဟုတ် ဒဏ်နှစ်ရပ်လုံးချနိုင်ပါတယ်။
လက်တွေ့မှာလဲ ချိုးဖောက်တဲ့သူတွေကို မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်တွေမှာ အရေးယူတာတွေရှိခဲ့ပါတယ်။ ဥပမာအနေနဲ့ သင်္ကြန်ကာလအတွင်းက ရေကစားခဲ့တဲ့ ရှမ်းပြည်နယ် တာချီလိတ်မြို့က လူတွေကို ဒဏ်ငွေငါးထောင်စီရိုက်ခဲ့သလို၊ မတ်လကုန်တုန်းကလဲ စစ်ကိုင်းတိုင်း တမူးမြို့မှာ မင်္ဂလာဆောင်ပွဲ ကျင်းပခဲ့တဲ့သူ၊ ဧပြီလဆန်းလောက်က စစ်ကိုင်းတိုင်း ကန့်ဘလူသားနဲ့ ကျွန်းလှသူတို့ရဲ့ မင်္ဂလာပွဲတွေလဲ အရေးယူခံခဲ့ရပါတယ်။ အခုမေလဆန်းမှာလဲ မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်မှာ ဝတ်ပြုဆုတောင်းပွဲပြုခဲ့တဲ့ အစ္စလာမ်ဘာသာဝင် ၁၂ ယောက်ကို ထောင်သုံးလစီချခဲ့ပါတယ်။
အဲဒီလိုအရေးယူခဲ့တဲ့အထဲမှာ အထင်ရှားဆုံးအနေနဲ့ဆိုရင် အဆိုတော်တွေ ဂီတဆရာတွေပါပြီး ဘာသာရေး အခမ်းအနားကျင်းပခဲ့တဲ့ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်ကဖြစ်ရပ်ပါ။ အဲဒီမှာ ဘာသာရေးပွဲကို ဦးဆောင်ခဲ့တဲ့ ခရစ်ယာန်ဓမ္မဆရာ စောဒေးဗစ်လားကိုလဲ ခုချိန်မှာ တရားစွဲထားပါတယ်။
ဒါကြောင့် ဥပဒေဟာ အစိုးရရော ပြည်သူကပါလိုက်နာရမယ့် တခုတည်းသောဥပဒေပဲ ရှိသင့်တယ်လို့ ထောက်ပြတောင်းဆိုနေကြတာတွေ့ရပါတယ်။