ရန်ကုန် တက္ကသိုလ် ကျောင်းသား များသမဂ္ဂဖွဲ့စည်း
2014.12.16

ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကျောင်း သူ၊ ကျောင်းသားတွေက ရန်ကုန်တက္ကသိုလ် ကျောင်း သားများသမဂ္ဂကို ဖွဲ့စည်းကြောင်း ဒီနေ့ကြေညာလိုက် ပါတယ်။ သမဂ္ဂကို ယာယီအလုပ်အမှု ဆောင်အဖွဲ့ဝင် ၁၇ ဦးနဲ့ စတင်ဖွဲ့စည်းလိုက်ကြောင်း သမဂ္ဂအဖွဲ့ဝင်တွေ က ရန်ကုန်တက္ကသိုလ်ဝင်းမှာကျင်းပတဲ့ သတင်းစာရှင်း လင်းပွဲမှာ ပြောပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားတွေရဲ့ အကျိုး ကိုဆောင်ရွက်ရေးအတွက် အခုလိုဖွဲ့စည်းခဲ့တာဖြစ် တယ်လို့ ယာယီအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဌ မအိဆွေမြတ်က ပြောပါတယ်။
"ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂဆိုတာ ရန်ကုန်တက္ကသိုလ်မှာ ရှိတဲ့ ကျောင်းသားတွေအကုန် လုံးအပြင် တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသား သမဂ္ဂ ကျောင်းသားတွေအကုန်လုံးကို ကိုယ်စားပြု တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ကျနော် တို့ခံယူထားပါတယ်၊ ယာယီအလုပ်အမှုဆောင်အဖွဲ့မှာ ကျနော်တို့ ၁၇ ယောက်ပါ ပါတယ်၊ ၁၇ ယောက်မှာ ဒုတိယနှစ်နဲ့ မာစတာတန်း M1၊ M2 မာစတာတွေနဲ့ ဖွဲ့စည်းထားတာပါ၊ ကျနော်တို့ မြန်မာစာ၊ သမိုင်း၊ အိုင်အာ၊ ဘူမိတို့ မေဂျာတော့ မဆုံသေးပါဘူး၊ ဒါယာယီ အလုပ်အမှုဆောင်အဖွဲ့ပါ"
ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအနေနဲ့ ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက် ခွင့်ရ ရှိရေးကိုလည်း အလေးထားဆောင်ရွက်သွားမယ်လို့ မအိဆွေမြတ်က ပြောပါတယ်။