ဈေးဟောင်းဖျက် ဈေးသစ်ဆောက်ရေး ဈေးသူဈေးသားများ ကန့်ကွက်
2013.02.09
အဲဒီရန်ကင်းမြို့မဈေးမှာ ပျံကျဈေးသည်တွေ အပါအဝင် ဈေးသူဈေးသား ၁၅၀၀ ကျော် ရောင်းချနေကြတာဖြစ်ပြီး အခုလို ဈေးသစ်တည်ဆောက်မှာကို ဈေးသူဈေးသား အများစုက မလိုလားကြဘူးလို့ ဈေးသာယာရေး ဒု-ဥက္ကဋ္ဌ ဦးစန်းဦး က RFA ကို ပြောပါတယ်။
ဒီကနေ့ သတင်းစာရှင်းလင်းပွဲကို ရန်ကင်းမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် တက်ရောက်ပြီး ရန်ကင်းမြို့မဈေး စီမံကိန်းနဲ့ ပတ်သက်တဲ့ မေးမြန်းချက်ကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြထားကြောင်းနဲ့ အဲဒီဈေးဟာ ရပ်ကွက်ဈေးတစ်ခုသာ ဖြစ်တဲ့အတွက် လူနေအိမ် တိုက်ခန်းတွေနဲ့ မရောဘဲ ပိုမိုအဆင့်မြင့်မြင့် ဆောင်ရွက်သွားဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဌာနကို တိုက်တွန်းသွားမှာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။
အခုလို လူနေအိမ်ခန်းတွေပါဝင်တဲ့ ဈေးသစ်ဆောက်လုပ်မယ့် စီမံကိန်းကို Crown Roofing Company က တာဝန်ယူဆောက်လုပ်မှာဖြစ်ပြီး ဈေးသူဈေးသားတွေရဲ့ သဘောထားကို ပြီးခဲ့တဲ့နှစ် ငါးလပိုင်းက ကောက်ယူခဲ့ရာ အများစုက လက်မခံပဲ ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ် ။