အဆိုတော် ရသ အပါအဝင် သုံးဦးကို မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းမိ


2018.08.15
yatha-622 အဆိုတော် ရသ အပါအဝင် သုံးဦးကို စိတ်ကြွမူးယစ်ဆေးဝါးတွေနဲ့အတူ တွေ့ရစဉ်
ဓါတ်ပုံ - မန္တလေးတိုင်း ရဲတပ်ဖွဲ့

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်က တည်းခိုခန်းတစ်ခုမှာ တည်းခိုနေတဲ့ အဆိုတော် ရသ အပါအဝင် သုံးဦးကို စိတ်ကြွမူးယစ်ဆေးဝါးတွေနဲ့အတူ မူးယစ်ရဲတပ်ဖွဲ့က မနေ့ညနေမှာ ဖမ်းဆီးလိုက်ပါတယ်။

မန္တလေးအခြေစိုက် အမှတ် (၁၈) မူးယစ်တပ်ဖွဲ့စုက ရဲတပ်ဖွဲ့ဝင်တွေဟာ ရဲမင်းသိန်း (ခေါ်) အဆိုတော် ရသ၊ မျိုးတင့်နဲ့ ခေမီ (ခေါ်) ဗာတားမီးတို့ကို တည်းခိုခန်းအတွင်း ဝင်ရောက်ဖမ်းဆီးချိန်မှာ အခန်းအတွင်းကနေ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၀ ကျော်နဲ့ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုတော် ရသ အပါအဝင် မူးယစ်ဆေးဝါးတွေနဲ့ အတူဖမ်းဆီးခဲ့သူ ၃ ဦးကို အောင်ပင်လယ်ရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတက်သော ဆေးဝါးများ ဥပဒေ ပုဒ်မ၁၉ (က)/ ၂၁ တို့နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးထားသူ ၃ ဦးလုံးကို ချမ်းမြသာစည်မြို့နယ်တရားရုံးမှာ ဒီနေ့ညနေက ရုံးထုတ်ခဲ့ပြီး ချုပ်ရက် ရမန်ယူခဲ့သလို နောက်တစ်ကြိမ် ရုံးချိန်းကို သြဂုတ်၂၇ နေ့ကို ချိန်းဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။