ရန်ကုန်မှာ ပေါက်ကွဲမှုဖြစ်ပွား


2016.11.20
capital-bomb-620 ရန်ကုန်တိုင်း သာကေတမြို့နယ်ထဲက Capital Hypermarket ဈေးရုံမှာ နိုဝင်ဘာလ ၂ဝ ရက်နေ့ ညနေပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားစဉ်
ဓါတ်ပုံ - မြဝတီ

ရန်ကုန်တိုင်း သာကေတမြို့နယ်ထဲက Capital Hypermarket ဈေးရုံမှာ တနင်္ဂနွေနေ့ ညနေပိုင်းက အသေးစားပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ညနေ ၅ နာရီခွဲဝန်းကျင် လူစည်ကားချိန်အတွင်း ပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ပေါက်ကွဲ မှုတွေဖြစ်ပွားအပြီး၊ လုံခြုံရေးတပ်ဖွဲ့တွေက အခင်းဖြစ်ပွားရာဈေးရုံနဲ့ အနီးတဝိုက်ကို ပိတ်ဆို့လိုက်ပြီး၊ အနံ့ခံခွေးတွေနဲ့ ရှာဖွေရှင်းလင်းရေးတွေ ဆောင်ရွက်ခဲ့တယ်လို့လည်း ဖေါ်ပြပါတယ်။

ရန်ကုန်တိုင်းအစိုးရ လူမှုရေးရာဝန်ကြီး ဦးနိုင်ငံလင်းကလည်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပဏာမ စစ်ဆေးတွေ့ရှိ ချက်တွေအရ ပေါက်ကွဲခဲ့တဲ့ ပစ္စည်းတွေဟာ လက်လုပ်ဗုံးတွေလို့ ယူဆရကြောင်း၊ ပေါက်ကွဲမှုတွေကြောင့် လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီး၊ မြန်မာပြည်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ကချင် KIA၊ ပလောင်TNLA၊ ကိုးကန့် MNDAA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား၊ တိုက်ပွဲတွေ ဖြစ်ပွားနေချိန်အတွင်း မဟာရန်ကုန်နယ်နိမိတ်အတွင်းမှာ အသေးစားပေါက်ကွဲမှုတွေ ပေါ်ပေါက် ခဲ့တာပါ။

ရန်ကုန်ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး MNDAA ကိုးကန့်အဖွဲ့ ပြောခွင့်ရသူ ဖုန်းဝင်းနိုင်က သူတို့နဲ့ မသက်ဆိုင်ကြောင်း AFP ကို ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။