ရန်ကုန်-ဒလ တံတားစီမံကိန်း ၂ဝ၁၈ မှာစတင်မည်


2017.05.04
dala-city-620.jpg ရန်ကုန်တဘက်ကမ်း ဒလမြို့ကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်-ဒလ တံတားစီမံကိန်းကို လာမယ့် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလမှာ စတင်တော့မယ်လို့ သိရပါတယ်။ တံတား တည်ဆောက်မယ့်ပုံစံနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာ မြို့နယ်တွေက တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ဆိပ်ကမ်းတာဝန်ရှိသူတွေ၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ဒီနေ့ ဆွေးနွေးပြီးနောက် ဆုံးဖြတ်လိုက်တာလို့ တွံတေးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးက ပြောပါတယ်။

ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းဘက်ကနေ ဒလမြို့နယ်ဘက်ကို လေးလမ်းသွား “သံမဏိ ကြိုးဆိုင်းတံတား” ဆောက်လုပ်မှာဖြစ်ပြီး၊ တံတားအမြင့် ပေ ၁၆ဝ ရှိမယ်လို့ သိရပါတယ်။ “ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတား” လို့ခေါ်တဲ့ ဒီတံတားတည်ဆောက်ဖို့အတွက် အရင်သမ္မတဦးသိန်းစိန် အစိုးရလက်ထက်- ၂ဝ၁၂ ခုနှစ်ကတည်းက စီစဉ်နေတာပါ။ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၇ဝ နီးပါးကုန်ကျမယ့် ဒီတံတား တည်ဆောက်ဖို့ ကိုရီးယားနိုင်ငံက အမေရိကန်ဒေါ်လာသန်း ၁၄ဝ နီးပါး ထုတ်ချေးမှာဖြစ်ပြီး၊ ဒီချေးငွေကို ဆိုင်းငံ့ကာလ ၁၅ နှစ်အပါအဝင် အနှစ် ၄ဝ အတွင်း ပြန်ဆပ်ရမှာဖြစ်ပါတယ်။

တံတားကို ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလမှာ အပြီးတည်ဆောက်ဖို့ လျာထားတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။