ထိုင်းဝန်ကြီးချုပ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖွယ် မရှိ
2011.10.05

AFP
ဒါပေမယ့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ သွားရောက် တွေ့ဆုံဖွယ်ရာ မရှိဘူးလို့ အစိုးရအရာရှိ တဦးက ပြောပါတယ်။
ထိုင်း-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးဟာ ၂၀၁၀-၂၀၁၁ ပထမပိုင်းမှာ အမေရိကန် ဒေါ်လာ သန်းပေါင်း ၂ ထောင့် ၉ ရာဖိုး အထိ ရောက်ခဲ့ပါတယ်။
အဲဒီမှာ မြန်မာဘက်က တင်ပို့တဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၂ ထောင့် ၄ ရာဖိုး ရှိခဲ့လို့ ကုန်သွယ်မှု ပိုငွေ သန်းပေါင်း ၁ ထောင့် ၈ ရာ ရှိခဲ့တယ်လို့ သိရပါတယ်။
ထိုင်းကနေ မြန်မာကို ပြန်သွင်းတဲ့ ကုန်သွယ်မှု တန်ဖိုးကတော့ ဒီကာလမှာ အမေရိကန် ဒေါ်လာ ၅၃၃ သန်းဖိုးဖြစ်တယ်လို့သိရပါတယ်။ အဲဒီလို ထိုင်းကနေ ဝယ်လိုက်တဲ့ ကုန်တွေကတော့ အထည်အလိပ်၊ ဖိနပ်၊ ရေထွက်ပစ္စည်း၊ ဆန်၊ ရာဘာ၊ လက်ဝတ်ရတနာ၊ မော်တော်ကား၊ ကွန်ပျူတာနဲ့ လျှပ်စစ်ပစ္စည်းတွေ ဖြစ်ပါတယ်။
မြန်မာကနေ ထိုင်းကိုတင်ပို့ရောင်းချလိုက်တဲ့ ပစ္စည်းတွေကတော့ သစ်တောထွက်ပစ္စည်းအမျိုးမျိုး၊ ရေထွက်ပစ္စည်း၊ လယ်ယာထွက်ကုန်နဲ့ အဓိကပစ္စည်းက သဘာဝဓါတ်ငွေ့ ဖြစ်ပါတယ်။