မွန်မှာ ကျောင်းသားလူငယ်တွေ မူးယစ်ဆေးသုံးစွဲမှု များနေကြောင်း အဆိုတင်


2017.06.13
aung-kyawthu-620.jpg သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ ကို ဇွန်လ ၁၃ ရက်နေ့ က မွန်ပြည်နယ်လွှတ်တော်မှာ တွေ့ရစဉ်
Photo: Kyaw Lwin Oo/RFA

မွန်ပြည်နယ်မှာ ဆယ်ကျော်သက်အရွယ် ကျောင်းသားလူငယ်တွေအထိ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ မြင့်တက်နေ တာကြောင့် ထိရောက်တဲ့နည်းလမ်းတွေနဲ့ အလေးထားစီမံဆောင်ရွက်ပေးဖို့ ပြည်နယ်အစိုးရထံ တိုက် တွန်းကြောင်းအဆိုကို လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဒီနေ့ မွန်ပြည်နယ်လွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။

မွန်ပြည်နယ်မှာ အခြေခံကျောင်းသားတွေအထိ မူးယစ်ဆေးဝါးသုံးစွဲတာ၊ ဖမ်းမိတာတွေ ရှိနေတာကြောင့် သူတို့ကို ထိန်းကျောင်းဖို့အဆိုတင်သွင်းတာလို့ အဆိုတင်သွင်းသူ သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ က ပြောပါတယ်။

"ဒီဖက်မှာ လကိနက်ကိုင်အဖွဲ့အစည်းတွေလည်းရှိတယ်၊ နယ်စပ်ရေးရာနဲ့လည်း အရမ်းနီးတယ်၊ မူးယစ်ဆေးဝါးပျံ့နှံ့မှုကလည်း အရင်ကမတွေ့ဘူး တဲ့ ဆယ်ကျော်သက်တွေလည်း တော်တော်များများသုံးစွဲလာတယ်"

မွန်ပြည်နယ်မှာရှိတဲ့ စာသင်ကျောင်းတွေအနီးတဝိုက်မှာ မူးယစ်ဆေးဝါးရောင်းချနေတာတွေ၊ ကျောင်းသားတွေကို မူးယစ်ဆေးဝါးသယ်ယူခိုင်းသူတွေရှိနေတယ်လို့ ကိုယ်စားလှယ် ဦးအောင်ကျော်သူ က ပြောပါတယ်။

ကျောင်းသားလူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲတာ လျော့ကျအောင် ကျောင်းသားအားကစားပွဲတော်တွေ ကျင်းပပေး ဖို့လည်း လွှတ်တော်ကိုယ်စားလှယ်က တိုက်တွန်းခဲ့ပါတယ်။

မူးယစ်ဆေးဝါးဖမ်းဆီးပေမယ့် သုံးစွဲတဲ့လူငယ်တွေ လျော့မသွားဘဲ ပိုများလာပြီး လူငယ် ၃၀ ရာခိုင်နှုန်းလောက်က မူးယစ်ဆေးဝါးသုံးစွဲနေတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။

မွန်ပြည်နယ်မှာ တစ်နှစ်အတွင်း စိတ်ကြွဆေးပြား ၁ဝ သိန်းကျော်အပါအဝင် မူးယစ်ဆေးဝါးအမှု ၂၈၆မှုရှိခဲ့ပြီး တရားခံ ၄၂၉ ယောက်မှာ ကျောင်းသားလူငယ်တွေအများအပြားပါဝင်တယ်လို့ မွန်ပြည်နယ်အစိုးရရဲ့ တစ်နှစ်စာ ထုတ်ပြန်ချက်အရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။