လူငယ်ငြိမ်းချမ်းရေးဖိုရမ် မုံရွာမှာကျင်းပ


2014.06.11

လူငယ်တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်လာနိုင်ဖို့အတွက် မြန်မာငြိမ်းချမ်းရေးစင်တာက လူငယ်နဲ့ ငြိမ်းချမ်းရေးဖိုရမ်ကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။

မြန်မာနိုင်ငံရဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ လူငယ်တွေ ပူးပေါင်းပါဝင်လာနိုင်ဖို့ ရည်ရွယ်ချက်နဲ့   ဒီလူငယ်နှီးနှောဖလှယ်ပွဲ ဖိုရမ်ကို ကျင်းပတာလို့ မြန်မာငြိမ်းချမ်းရေးစင်တာရဲ့  လူထုဆက်ဆံရေးဌာနက ဒါရိုက်တာတစ်ဦးဖြစ်သူ မသဲစုစံက ပြောပါတယ်။

လူငယ်ဖိုရမ်ကို ဒီနေ့ကနေ လာမယ့် ဇွန်လ ၁၅ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။  လူငယ်နဲ့ ငြိမ်းချမ်းရေးဖိုရမ်ကို အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက လူငယ် နှစ်ရာကျော်လောက် တက်ရောက်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။