ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို မလိုလားလို့ အာဏာသိမ်းတာလို့ RCSS ပြော

2021.02.08
ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို မလိုလားလို့ အာဏာသိမ်းတာလို့ RCSS ပြော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို တွေ့ရစဉ်
Photo: RFA

ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို မလိုလားသလို သယံဇာတပေါတဲ့ ရှမ်းပြည်က ပြည်ထောင်စုကနေ ခွဲထွက်မှာ ကို ကြောက်လို့ စစ်တပ်က အာဏာသိမ်းတာလို့ ၇၄ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားမှာ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောလိုက်ပါတယ်။

မနေ့က RCSS ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းမှာပြုလုပ်တဲ့ ၇၄ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အထိမ်း အမှတ်ပွဲမှာ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောခဲ့တာလို့ RCSS နဲ့ နီးစပ်တဲ့ Tai Freedom ဖေ့ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

တပ်မတော်ဟာ အာဏာသိမ်းယူတာ၊ NLDထိပ်ပိုင်းခေါင်းတချိုကို ထိန်းသိမ်းတာတွေဟာ တပ်မတော်ရဲ့ အကျင့်ဟောင်းတွေ ပြန်ပေါ်လာတာဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ်က ရွေးကောက်ပွဲမှာ မဲမသာမာမှုတွေ ရှိတယ်လို့ အကြောင်းပြပြီး ပြည်သူတင်မြှောက်တဲ့ အရပ်သားအစိုးရဆီကနေ အာဏာသိမ်းယူတာလို့ ဗိုလ်ချုပ်ကြီးယွက်စစ်ကပြောကြောင်း သတင်းမှာရေးသားဖော်ပြထားပါတယ်။

RCSSအဖွဲ့ဟာ NCA လက်မှတ်ရေးထားတဲ့အဖွဲ့ဖြစ်ပေမယ့် စစ်တပ်က အာဏာသိမ်းတဲ့နေမှာဘဲ ကန့်ကွက် ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်အစောပိုင်းမှာ တပ်မတော်က နိုင်ငံခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့ပြီး အာဏာသိမ်းကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။