ကမ္ဘာကျော် အနုပညာရှင်တွေ ဇာဂနာနဲ့ တွဲဖက်ဖျော်ဖြေ

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ စတင်ကျင်းပမယ့် အေအိုင် ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ အနှစ် (၅၀)ပြည့် ရွှေရတုအခမ်းအနားမှာ နိုင်ငံရေး အကျဉ်းသားဟောင်း မြန်မာ့ဟာသ အနုပညာရှင် ဇာဂနာနဲ့တွဲဖက်ပြီး ကမ္ဘာကျော် အနုပညာရှင်တွေ ပူးပေါင်းဖျော်ဖြေမယ့် အစီစဉ်တခုကို တင်ဆက်ဖို့ရှိပါတယ်။

2012.03.05
zarganar_head_305_z.jpg ရုပ်ရှင်ဒါရိုက်တာနှင့် ဟာသသရုပ်ဆောင် ဇာဂနာ ခေါ် ကိုသူရ။ (Photo: AFP)
(Photo: AFP)

ဒီအစီစဉ်မှာ သူကိုယ်တိုင် ဇာတ်ညွန်းရေးထားတဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် (Freedom of expression) ဆိုတဲ့ ဇာတ်လမ်းတိုကို အမေရိကန် အနုပညာရှင်တွေနဲ့ တွဲဖက်သရုပ်ဆောင်မှာ ဖြစ်တယ်လို့ ကိုဇာဂနာက အာအက်ဖ်အေကို ပြောပါတယ်။

ဒီလို နိုင်ငံတကာ အခမ်းအနားတခုမှာ မြန်မာ့အနုပညာရှင်တဦးအနေနဲ့ ကမ္ဘာသိ အနုပညာရှင်တွေနဲ့အတူ ဖျော်ဖြေ တင်ဆက်ခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိတယ်လို့လည်း ကိုဇာဂနာကပြောပါတယ်။

နိုင်ငံတကာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်တင်ပြနေတဲ့ ဗြိတိန်အခြေစိုက် အေအိုင်အဖွဲ့ကြီး ထူထောင်ခဲ့တဲ့ နှစ် (၅၀)ပြည့် အထိမ်းအမှတ်အနေနဲ့ အဖွဲ့ခွဲတွေရှိတဲ့ နိုင်ငံပေါင်း ၁၅၀ကျော်မှာ အခမ်းအနားတွေကို ကျင်းပနေပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ အခုကျင်းပနေတဲ့ အခမ်းအနားကို ဟောလီးဝုဒ် ရုပ်ရှင်သရုပ်ဆောင်တွေအပါအဝင် ကမ္ဘာကျော်ဟာသ အနုပညာရှင် စုစုပေါင်း ၃၅ ယောက် တက်ရောက်ဖို့ ရှိကြောင်းလည်းသိရပါတယ်။

အေအိုင်ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ဟာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ၁၉၇၇ ခုနှစ် ကဆွတ်ခူးရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-04-24 02:31

ဓာတ္ပံုမ်ား၂ေဖာ္ၿပေပးပါ