ဇေကမ္ဘာ ဦးခင်ရွှေကို တရားစွဲပြီ
2013.03.06
လယ်သမားအရေး ကူညီပေးနေသူ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင် ဦးနေမျိုးဝေက ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌ ဦးခင်ရွှေကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ မတ်လ ၆ ရက် ဒီကနေ့ ဒဂုံမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုလိုက်ပါတယ်။
ဒီကနေ့ ဒဂုံမြို့နယ်တရားရုံးမှာ သွားရောက်လျှောက်ထားခဲ့တာနဲ့ ပတ်သက်ပြီး ဦးနေမျိုးဝေက အခုလို ပြောပါတယ်။
" ဒီနေ့ပဲ ဒဂုံမြို့နယ် တရားရုံးမှာ တရားသွားစွဲတဲ့အခါကျတော့ တရားသူကြီး အမျိုးသမီးက လေ့လာမယ်လို့ ပြောပြီးတော့ ကျွန်တော်ကလည်း ခရီးစဉ်တစ်ခုရှိတဲ့ အခါကျတော့ ခရီးစဉ်ကပြန်လာတဲ့အခါကျတော့မှ ကျွန်တော်တို့ရဲ့ ထွက်ဆိုချက်တွေ ပြန်လည်မေးမြန်းမယ်ပေါ့ဗျာ အဲ့ဒါပြောပါတယ်ဗျ၊ ချက်ချင်းတော့ တစ်ထိုင်တည်း အမှုမေးမြန်းတာတို့ မလုပ်သေးဘူးခင်ဗျ၊ ပုဒ်မတပ်ဖို့ကို သူလေ့လာမယ်လို့ ပြောတယ်"
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့တဲ့ လယ်ယာမြေနဲ့ လုပ်ငန်းရှင်များတွေ့ဆုံပွဲမှာ ဦးခင်ရွှေက အလုပ်သမားလုံခြုံရေးအင်အား နှစ်ရာကျော်နဲ့ ဦးနေမျိုးဝေကို ကြိုးတုပ်ချည်နှောင်ပြီး ရိုက်နှက်မယ်လို့ ပြောခဲ့တဲ့အတွက် ခုလို အမှုဖွင့်တိုင်ကြားလိုက်တာပါလို့ ဦးနေမျိုးဝေက ပြောပါတယ်။
ဒါကြောင့် ဇေကမ္ဘာဦးခင်ရွှေကို ဦးနေမျိုးဝေက ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆို လိုက်တာပါ။