ထားဝယ်က ကျောင်းသားငါးယောက် အဖမ်းခံရ

2021.11.28
ထားဝယ်က ကျောင်းသားငါးယောက် အဖမ်းခံရ ထားဝယ်တက္ကသိုလ် ကျောင်းသား ကိုဇင်လင်းဦး ကို တွေ့ရစဉ်
ဓာတ်ပုံ - ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ

ထားဝယ်တက္ကသိုလ်က ကျောင်းသား ကိုဇင်လင်းဦးနဲ့ သူငယ်ချင်း လေးယောက်ကို နိုဝင်ဘာ ၂၇ ရက် မနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ ထားဝယ်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ထားဝယ်မြို့ ညောင်ရမ်းတောင် ရပ်ကွက်ထဲကနေအိမ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက် ဖမ်းဆီးခဲ့ တာလို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။

ထားဝယ်တက္ကသိုလ်က သင်္ချာ ပထမနှစ် ကျောင်းသား ကိုဇင်လင်းဦးနဲ့ သူ့ သူငယ်ချင်းလေးယောက် တို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘာကြောင့်ဖမ်းဆီးတယ်၊ သူတို့ကို ဘယ်မှာဖမ်း‌ထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

သူငယ်ချင်း လေးယောက်တို့ဟာလည်း ကျောင်းသားတွေဖြစ်ကြပြီး ဘယ်တက္ကသိုလ်က ကျောင်းသားတွေ ဆိုတာ စုံစမ်းနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့က အခုလိုပဲ ထားဝယ်တက္ကသိုလ် ပထမနှစ် အရှေ့တိုင်းပညာ ကျောင်းသူ မဆုမြတ်မွန်နဲ့ အဒေါ်တို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။