ဒုတိယအကြိမ်ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံ
2017.05.08
လာမယ့် မေလ ၂၄ ရက်နေ့ဆိုရင် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာ ပထမအကြိမ်တုန်းကလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ တက်ရောက်နိုင်ပါ့မလားဆိုတာ မေးစရာဖြစ်လာပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါနိုင်ရေးအတွက် ကြိုးပမ်းနေတယ်လို့ ကြေညာချက် ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ တိုင်းရင်းသားအဖွဲ့ အားလုံးပါဝင်လာနိုင်ပါ့မလား ဆိုတာနဲ့ပတ်သက်ပြီး RFA သတင်းထောက် ကိုသီဟထွန်း က စုစည်းတင်ပြထားပါတယ်။