၇ ဇူလိုင် အရေးအခင်း ၅၁ နှစ်ပြည့် အခမ်းအနား
2013.07.06
စစ်တပ်ကပစ်လို့ ကျောင်းသားတွေသေဆုံးပြီး နောက်တနေ့ မနက်မှာ ကျောင်းသားသမဂ္ဂ အဆောက်အဦး ဗုံးခွဲဖြိုချခံလိုက်ရတဲ့ ဇူလိုင် ၇ ရက် အရေးအခင်း ၅၁ နှစ်ပြည့် အခမ်းအနားတွေကို ရန်ကုန်-မန္တလေးအပါအဝင်မြို့တချို့မှာကျင်းပဖို့ ကျောင်းသားတွေစီစဉ်နေပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အမှုဆောင်တစ်ဦးဖြစ်တဲ့ မန္တလေးမြို့က ကိုအောင်မှိုင်းဆန်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့နောက် ကျောင်းသားတွေ ပထမဆုံးသွေးမြေကျခဲ့ရတဲ့ ၁၉၆၂ခုနှစ် ဇူလိုင်လ ၇ ရက် အရေးအခင်းဟာ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်နဲ့ ကျောင်းသားတွေ ပထမဆုံးအားစမ်းတဲ့ပွဲလို့ သတ်မှတ်ကြပါတယ်။ ၅၁ နှစ်ပြည့်မြောက်ပြီဖြစ်တဲ့ ဇူလိုင် ရ ရက် အရေးအခင်းနဲ့ ပတ်သက်ပြီး ဦးတင်အောင်ခိုင်က စုစည်းတင်ပြပါမယ်။