ရှမ်းပြည်တောင်ပိုင်းက စစ်ဘေးဒုက္ခသည်တွေကို ၈၈ အဖွဲ့ တွေ့ဆုံအားပေး
2015.12.10
ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်က ဝမ့်ဝစစ်ဘေးဒုက္ခသည်စခန်းနဲ့ မိုင်းရှူးမြို့နယ်က ဟိုက်ပါ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဝင်တွေ သွားရောက်တွေ့ဆုံ အားပေးခဲ့ပြီး ငွေကြေး၊ အဝတ်အထည်တွေနဲ့ စားစရာတွေကို လှူဒါန်းခဲ့ပါတယ်။
RFA သတင်းထောက် ကိုအောင်သိင်္ခ က တင်ပြထားပါတယ်။