စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုတွေ ပိုလုပ်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြော

2021.12.15
စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုတွေ ပိုလုပ်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကို ၂၀၂၁ ဒီဇင်ဘာ ၁၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ တွေ့ရစဉ်
Photo: AFP

မလေးရှားနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က မြန်မာစစ်ကောင် စီကို တစ်ဦးချင်းစီရော၊ အစုအဖွဲ့လိုက်ပါ ဖိအားပေးမှုတွေ ပိုလုပ်မှာဖြစ်သလို တိုင်းပြည်ကို ဒီမိုကရေစီ လမ်း ကြောင်းပေါ်ပြန်ရောက်အောင် ဆက်လုပ်သွားမယ်လို့ ဒီကနေ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောလိုက်ပါတယ်။

စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ဝေဖန်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ အင်ဒို နီးရှား၊ မလေးရှား၊ ထိုင်း စတဲ့ အာဆီယံအင်အားကြီး သုံးနိုင်ငံခရီးစဉ်ကို ဒီဇင်ဘာ ၁၃ ရက်နေ့ကတည်းက စတင်ခဲ့တာပါ။

"အာဆီယံနိုင်ငံမိသားစုတွေ ပါပူးပေါင်းပါဝင်မှုရှိလာဖို့ ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်"

ဘလင်ကန်ရဲ့ ဒီခရီးစဉ်ဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့ရာမှာ အာဆီယံ နိုင်ငံတွေ ပူးပေါင်းပါဝင်လာဖို့ ပြင်ဆင်တာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အာဆီယံဆိုင်ရာ သံ အမတ် ဦးဘိုလှတင့်က ပြောပါတယ်။

“လက်ရှိ US ရဲ့ ကြိုးပမ်းမှုတွေက အရှေ့တောင်အာရှအသင်းထဲမှာ အမေရိကန်ပြည်ထောင်စုနဲ့ သဘော ထားတူညီတဲ့ နိုင်ငံတွေနဲ့ လက်တွေ့ပိုပြီးတော့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရရှိအောင် ကြိုးစားတယ်။ တချိန်တည်းမှာ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာမိသားစုတွေက ကြိုးစားနေတဲ့ ပိတ်ဆို့မှု တွေမှာ တက်ကြွတဲ့ အာဆီယံနိုင်ငံမိသားစုတွေ ပါပူးပေါင်းပါဝင်မှုရှိလာဖို့ ကြိုးပမ်းနေတာလည်းဖြစ် ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အခုလို ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား တို့လို မြန်မာနိုင်ငံအရေးမှာ အဓိက ကျတဲ့တိုင်းပြည်တွေနဲ့ နီးနီးကပ်ကပ်ဆွေးနွေးညှိနှိုင်းနေတာ ပူးပေါင်းဆောင်ရွက်နေတာတွေကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်”

ဒီခရီးစဉ်အတွင်း မြန်မာ့အရေးဆွေးနွေးမယ်လို့ ကြိုတင်ထုတ်ပြန်ထားသလိုပဲ ဒီဇင်ဘာ ၁၃ ရက် နဲ့ ၁၄ ရက် အင်ဒိုနီးရှားမှာရှိနေစဉ် မစ္စတာဘလင်ကန်က မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချခဲ့သလို အမေရိကန်အနေနဲ့ မြန်မာပြည်သူတွေရဲ့လိုအင်ဆန္ဒအတိုင်း ငြိမ်းချမ်းစွာ အဖြေရှာရေးကို လက်လျှော့မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ အမေရိကန်ဟာ သူတပါး ပြည်တွင်းရေး တိုင်းကို ဝင်စွက်ဖက်နေကျဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

“သူ့အနေနဲ့ကတော့ မြန်မာနိုင်ငံအရေးမှ မဟုတ်ပါဘူး၊ တစ်ကမ္ဘာလုံးအရေးနဲ့ပတ်သက်ပြီး ဝင်ရောက် စွက်ဖက်လို့ရတဲ့ နေရာမှာ ဝင်ရောက်စွတ်ဖက်နေတဲ့နိုင်ငံဖြစ်တဲ့အတွက် ဘာမှသီးခြားမှတ်ချက်ပေးစရာ မရှိပါဘူး”

လာမယ့် ၂၀၂၂ ဇန်နဝါရီလမှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်လာမယ့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် ကတော့ မြန်မာဟာ အာဆီယံထိပ်သီးအစည်းအဝေးမှာ တက်ခွင့်ရသင့်တယ်၊ အာဆီယံပဋိညာဉ်အရ အာဆီယံ နိုင်ငံတစ်ခုဟာ အခြားဘယ်အဖွဲ့ဝင်နိုင်ငံကိုမှ အပြစ်ပေးထုတ်ပယ်ခွင့်မရှိဘူးဆိုပြီး အခု ဒီဇင်ဘာ လဆန်းပိုင်းမှာပဲ ကြိုတင်စကားသန်းထားပါတယ်။

ဟွန်ဆန်ရဲ့ ဒီပြောဆိုချက်ထွက်လာပြီး ချက်ချင်းဆိုသလို အမေရိကန်အစိုးရအဆင့်မြင့် သံတမန်တစ်ဦးဟာ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပြီး မြန်မာကိုဆက်လက်ဖိအားပေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့ကြောင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီခရီးစဉ်မှာ အာဆီယံဘုံသဘောတူညီချက်တွေ အကောင် အထည် မဖော်ရင် မြန်မာစစ်ကောင်စီကို ထိပ်သီးအစည်းအဝေး မဖိတ်ဘဲ ဆက်ပြီးဖယ်ထုတ်ထားဖို့ မစ္စတာ ဘလင်ကန်ဘက်က ပြောဆိုဆွေးနွေးမှုတွေ လုပ်နိုင်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ခန့်မှန်းပါတယ်။

“အာဆီယံရဲ့ ဥက္ကဋ္ဌ ရာထူးက ကမ္ဘောဒီးယားဆီကို ရောက်သွားမှာဖြစ်ပြီး ကမ္ဘောဒီးယားက မြန်မာကို အာဆီယံ အစည်းအဝေးတွေမှာ ပြန်ပြီးတော့ဖိတ်ဖို့ ပွင့်ပွင့်လင်းလင်း ဗြောင်ပြောထားတဲ့ကာလ၊ နောက် အမေရိကန်ကလည်း ကမ္ဘောဒီးယားကို လက်နက်ရောင်းချမှုပိတ်ပင်တော့ အမေရိကန်လက်နက်တွေ ဖျက်ဆီးပစ်ဆိုပြီး ပြန်ပြီးတော့ တင်းတင်းမာမာတုံ့ပြန်တဲ့ နိုင်ငံကိုး။ အဲဒီနိုင်ငံက ဥက္ကဋ္ဌဖြစ်ပြီး မြန်မာကို ပြန်ဖိတ်မယ်ဆိုတော့ ဒါကို မထောက်ခံဖို့ကိစ္စကို ပြောလိမ့်မယ်ထင်တယ်”

anthony-blinkan-us.jpg
(အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကို ၂၀၂၁ ဒီဇင်ဘာ ၁၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ တွေ့ရစဉ်) Photo: AFP

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ အာဆီယံခရီးစဉ်မတိုင်ခင် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ် Ned Price နက်ပရိုက်စ်က မြန်မာစစ်တပ်ရဲ့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ကြောက်မက် ဖွယ်ရာကောင်းတဲ့ အကြမ်းဖက်ကျူးလွန်မှုတွေရှိနေပေမယ့် ပြစ်ဒဏ်ခံရခြင်းကနေ ကင်းလွတ်နေတာကို အရေးတကြီး အဆုံးသတ်ဖို့ လိုနေပြီလို့ ထောက်ပြခဲ့ပါတယ်။

ဒါ့ကြောင့် ဒီခရီးစဉ်ဟာ မြန်မာအရေးနဲ့ပက်သတ်လို့ အာဆီယံနိုင်ငံတွေ နဲ့ နီးနီးကပ်ကပ်ပူးပေါင်းပြီး စစ် ကောင်စီကို ထိရောက်တဲ့ ဖိအားပေးမှုတွေရှိလာနိုင်တယ်လို့ နိုင်ငံရေးအကဲခက်တွေက ယူဆနေကြတာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ အာဆီယံ သုံးနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံမှာ မတရားဖမ်ဆီးအကျဉ်းချခံနေရသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ လိုအပ်တဲ့ နေရာတွေကို လူသားချင်းစာ နာမှုဆိုင်ရာ အကူအညီတွေ ခွင့်ပြုဖို့၊ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်တာတွေ အဆုံးသတ်ဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ စတာတွေအပြင် အင်ဒိုပစိဖိတ်ဒေသ မှာ တရုတ်နိုင်ငံ ဩဇာလွှမ်းလာတဲ့အပေါ်မှာလည်း ဝေဖန်ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။