ပုဂ္ဂလိကဆေးရုံဆောက်ခွင့် ဖဲကြိုးနက်ဆရာဝန်များအဖွဲ့ ကန့်ကွက်
2016.02.27
ရန်ကုန်မြို့ဗိုလ်ချုပ်လမ်းနဲ့ ပြည်လမ်းထောင့်မှာရှိတဲ့ သူနာပြုတက္ကသိုလ်ရှေ့က ကျမ်းမာရေးဝန်ကြီး ဌာနပိုင် မြေနေရာကို မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်အဖွဲ့က ပုဂ္ဂလိကဆေးရုံ နှစ်ရှည်ဌားရမ်း ဆောက်လုပ်ခွင့်ပေးလိုက်တဲ့အပေါ် ဖဲကြိုးနက် ဆရာဝန်များအဖွဲ့က ကန့်ကွက်လိုက်ပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို တိုးချဲ့ဆောက်လုပ်ဖို့ လိုအပ်နေချိန်မှာ ကျန်းမာရေး ဝန်ကြီးဌာနပိုင်မြေ နေရာကို အခုလို ပုဂ္ဂလိကလုပ်ကိုင်ခွင့်ပေးလိုက်တာကြောင့် ကန့်ကွက်တာလို့ ဆရာဝန်တွေက ပြောကြပါတယ်။
RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်းတင်ပြထားပါတယ်။