ထိုင်းနယ်စပ်က လှေဂိတ်တွေပြန်ဖွင့်မယ်လို့ တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူး ပြော

လုဆိုင်း
2020.07.06

COVID-19 အရေးပေါ်ကာလအဖြစ် နှစ်လကျော်ကြာပိတ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နဲ့ မြန်မာနိုင်ငံ မြဝတီမြိုကြား ကုန်သွယ်ရေးလှေဂိတ်တွေကို ဇူလိုင်လ ၆ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်- ထေဆောင်ရမ်- မဲလမ-ဖွတ်ဖရမြို့နယ်အတွင်း သောင်းရင်းမြစ်ကြောင်း တလျှောက်မှာရှိတဲ့ နယ်စပ်ဂိတ်ပေါင်း ၃၃ ဂိတ်ကို တပတ်မှာ ငါးရက်၊ မနက် ၇ နာရီကနေ ညနေ ၆ နာရီထိ ပြန်ဖွင့်ပေးမှာ ဖြစ်တယ်။ ဒါပေမဲ့ အလုပ်လုပ်နေကြတဲ့လူတွေကိုတော့ ဖြတ်သန်းခွင့် ပိတ်ထားမှာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ ကုန်သွယ်ရေးပစ္စည်းတွေ ဖြတ်သန်းခွင့်ပြုပေမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက်တော့ အကျိုး သက်ရောက်မှုတော့ မရှိသေးဘူးလို့ မဲဆောက်မြို့အခြေစိုက် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့ရဲ့ တာဝန်ခံ ဦးမိုးကျော်က ပြောပါတယ်။

နယ်စပ်ဂိတ်တွေမှာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ အတွက်တော့ အလုပ်အကိုင်အခွင့်အလှမ်းတွေ ရှိလာနိုင်တယ်လို့ မျော်လိမ့်ရတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံထဲ အလုပ်လုပ်ရန် ပြန်လာဝင်ရောက်လာမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ၁၄ ရက်ကြာ သွားလာခွင့် အကန့်အသတ်နေထိုင်ဖို့ရှိနေသေးတဲ့အတွက် အခက်အခဲတွေရှိတယ်လို့ ဦးမိုးကျော်က ပြောပါတယ်။

COVID-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်နေချိန် အရေးပေါ်ကာလအတွင်း ရွေ့ပြောင်းမြန်မာအလုပ်သမားတွေ ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ ချစ်ကြည်ရေးတံတားအမှတ် ၂ မှတဆင့် နေရပ်ပြန်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား ရာနဲ့ချီရှိနေပြီး ဇူလိုင်လ ၃ ရက်နေ့ထိ ၃၈၇၀၇ ဦး ရှိပြီလို့ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က ကိုမိုးကျော်က ပြောပါတယ်။

ဇူလိုင်လ ၃ ရက်နေ့က ထိုင်းအစိုးရအုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းတွေက မဲဆောက်မြို့မှာ နယ်စပ်ကုန်သွယ်ရေး နဲ့ COVID-19 ကပ်ရောဂါထိန်းချုပ်မှုဆိုင်ရာ အစည်းအဝေးကျင်းပခဲ့ပြီး လှေဂိတ်တွေ ပြန်လည်ဖွင့်လှစ်ဖို့ ဆုံးဖြတ် ခဲ့တာဖြစ်ပါတယ်။

အဲဒီအစည်းအဝေးကနေ နှစ်နိုင်ငံနယ်စပ်သောင်းရင်မြစ်ကြောင်းတလျှောက် ကုန်သွယ်ရေးလမ်းကြောင့် ၃၃ နေရာ ပိတ်ထားခဲ့တာဖြစ်ပြီး အခုအချိန် ရောဂါပိုင်းဆိုင်ရာ ပြန့်ပွားမှုတွေ ထိန်းချုပ်နိုင်ပြီဖြစ်သလို၊ နှစ်နိုင်ငံကုန်သွယ်မှု မှာလည်း ဆုံးရှုံးနစ်နာမှုတွေကြောင့် စမ်းသပ်ကာလအဖြစ် ဖွင့်လှစ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ တာ့ခ်ခရိုင်အုပ်ချုပ်ရေး မှူး Mr.Orsit Samphantharat က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။