ကမ္ဘောဒီးယားလို ရွေးကောက်ပွဲကော်မရှင် မြန်မာလွှတ်တော်ကနေ ဖွဲ့စည်းပေးနိုင်မလား
2015.04.11
မြန်မာနိုင်ငံမှာဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ ပြည်ခိုင်ဖြိုးဝါတီဝင် စစ်ဗိုလ်ချုပ်ဟောင်းတွေ ကြီးစိုးထားတဲ့အတွက် ဒီနှစ်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲဟာ တရားမျှတမှုမရှိနိုင်ဘူးဆိုပြီး၊ ပြည်သူတွေ လိုလားချက်နဲ့အညီ ကော်မရှင်သစ်တစ်ရပ်ဖွဲ့စည်းဖို့ တောင်းဆိုမှုတွေရှိနေပါတယ်။
ဒါပေမယ့် ကမ္ဘောဒီးယားနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ ရက်က လွှတ်တော်ကဖွဲ့စည်းလိုက်တဲ့ ရွေးကောက်ပွဲ ကော်မရှင်သစ်လိုဘဲ မြန်မာနိုင်ငံမှာ ဖွဲ့စည်းနိုင်မယ်ဆိုရင် အခုနှစ်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုကို အတိုင်းအတာတစ်ခုထိ အာမခံနိုင်လိမ့်မယ်လို့ လေ့လာသူတွေက ပြောပါတယ်။ ဒီအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။