ကိုယ်စားလှယ်အသစ်တွေ နေထိုင် စားသောက်မှု ဘယ်လိုရှိနေလဲ


2016.01.30

လာမယ့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ လွှတ်တော်အသစ် တက်ရောက်ရမယ့် ရွေးချယ်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်အသစ်တွေဟာ အခုဆိုရင် နေပြည်တော်ကို ရောက်ရှိနေကြပြီဖြစ်ပြီး အရင်ကိုယ်စားလှယ်အဟောင်းတွေ ၅ နှစ်ကြာနေခဲ့တဲ့ စည်ပင်ဧည့်ရိပ်သာမှာ နေကြရမှာ ဖြစ်ပါတယ်။

စည်ပင်ဧည့်ရိပ်သာမှာ အနေအထိုင် အစားအသောက်ဆင်းရဲလွန်းကြောင်း ပြီးခဲ့တဲ့ ၅ နှစ် နေခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောကြပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေ နေထိုင် စားသောက်မှု ဆင်းရဲတဲ့အကြောင်း ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။