တရုတ်ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့လိုင်ဇာမှာ တွေ့ဆုံ


2019.01.11
China-KIO-622 တရုတ်အစိုးရရဲ့ အာရှပစိဖိတ်ရေးရာအထူးကိုယ်စားလှယ် မစ္စတာဆွန်းကော်ရှန်းနဲ့ အဖွဲ့ လိုင်ဇာကို ရောက်ရှိစဉ်။
Photo: Kachin News Group/FB

တရုတ်အစိုးရရဲ့  အာရှပစိဖိတ်ရေးရာအထူးကိုယ်စားလှယ် မစ္စတာဆွန်းကော်ရှန်း ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့၊ AA ရခိုင့်တပ်မတော်၊ TNLA တအာင်းလွတ်မြောက်ရေးတပ်ဖွဲ့ ၊ MNDAA ကိုးကန့်အဖွဲ့တွေက ထိပ်တန်းခေါင်းဆောင်တွေနဲ့ လိုင်ဇာမြို့မှာ ဇန်နဝါရီလ ၁၁ ရက်နေ့က သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

AA အဖွဲ့နဲ့ ဆွေးနွေးခဲ့တဲ့အကြောင်းတွေအပါအဝင် ARSA အဖွဲ့နဲ့ AA အဖွဲ့တို့ ပတ်သက်မှုရှိ-မရှိ၊ AA အဖွဲ့ရဲ့ဝက်ဘ်ဆိုက်နဲ့ AA ခေါင်းဆောင်တွေရဲ့ဖေ့စ်ဘွတ်စာမျက်နှာတွေ တိုက်ခိုက်ခံရတဲ့ကိစ္စ၊ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလားအလာတွေနဲ့ ပတ်သက်လို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခနဲ့ မေးမြန်းထားပါတယ်။ RFA ဝိုင်းတော်သူ မခင်ခင်အိ တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။