နိုင်ငံနဲ့ နိုင်ငံသားအားလုံးရဲ့ လုံခြုံရေး သတိထားဖို့ လို
2018.02.01
ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ဓါတ်ဆီပုလင်းနဲ့ မီးရှို့ပစ်ပေါက်မှု ဖြစ်ပွားခဲ့ပါတယ်။ ထိခိုက်ပျက်ဆီးမှု မရှိဘူးဆိုပေမယ့် ဒီအခြေအနေဟာ နိုင်ငံရဲ့ လုံခြုံရေးနဲ့ နိုင်ငံသားအားလုံးရဲ့ လုံခြုံရေး သတိထားဖို့ လိုနေပြီလို့ သုံးသပ်ကြပါတယ်။ မသင်းသီရိ ဆက်ပြောပြမှာပါ။