ဒေါ်လာမှောင်ခိုရောင်းဝယ်လို့ လူဖမ်းပွဲတွေ ပြန်စတော့မှာလား


2015.05.13

မြန်မာနိုင်ငံမှာ ဒေါ်လာဈေးမြင့်တက်လာမှုကြောင့် အစိုးရသတ်မှတ်ပေးတဲ့နှုန်းထက် ပိုရောင်းဝယ်ရင် အရေးယူမယ်လို့ နိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာအရောင်း အဝယ် လုပ်တဲ့ ဘဏ်လုပ်ငန်းရှင်တွေနဲ့ ငွေလဲကောင်တာလုပ်ငန်းရှင် ၂၀၀ကျော်ကို မနေ့က ခေါ်ယူသတိပေးလိုက်ပါတယ်။

ဒီလုပ်ရပ်ကြောင့် ယခင်စစ်အစိုးရလက်ထက်ကလို ဒေါ်လာမှောင်ခိုဝယ်ရောင်း ဈေးကွက်ခေတ်ကို ရုတ်တရက် ပြန်ရောက်သွားပြီး အစိုးရသတ်မှတ်နှုန်းအတိုင်း မလိုက်နာဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း ဒေါ်လာအရောင်းအဝယ်လုပ်သူတွေ ဖမ်းဆီးထောင်ချခံရမယ့် အလားအလာတွေ ပေါ်ပေါက်လာပါတယ်။

ဒီအကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။