ဒေါက်တာဝင်းမြတ်အေး ကုတုပလောင် ဒုက္ခသည်စခန်းကို သွားရောက်
2018.04.11
လူမှုဝန်ထမ်းနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့အဖွဲ့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ဒုက္ခသည်တွေကို မနေ့က သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီး ရှင်းပြဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ဦးတင်အောင်ခိုင် က ဆက်လက်တင်ပြပါမယ်။