နိုင်ငံရေးအကျဉ်းသား ၅ဝ ကျော် သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာ
2016.01.23
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ အမိန့်နဲ့ အကျဉ်းထောင် အသီသီးကနေ လွတ်မြောက်လာတဲ့ အကျဉ်းသား ၁ဝ၂ ဦးရှိတယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။
အဲ့ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ၅၂ ဦးပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ အကူအညီပေးရေးအဖွဲ့ AAPP က ပြောပါတယ်။ အာအက်ဖ်အေ သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။