မြန်မာပြည်အနှံ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်
2016.06.13
ဇွန်လ ၈ ရက်နေ့ကစပြီး တိုင်းနဲ့ ပြည်နယ်တချို့မှာ ရက်ဆက်မိုးကြီးခဲ့တဲ့အတွက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူအသေအပျောက်တွေလည်း ရှိခဲ့ပါတယ်။
ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ ရေကြီးမှုဒဏ်ကိုအများဆုံးခံခဲ့ရပါတယ်။ ရေကြီး၊ ရေလျှံဖြစ်ပေါ်ခဲ့တဲ့ အချို့နေရာတွေမှာ ရေကျ သွားပေမယ့် နှုန်းရေတွေ တင်ကျန်ခဲ့တဲ့အတွက် ဒီနေ့အထိ အချို့ကျေးရွာတွေမှာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေတာကြောင့် သွားလာဖို့ အခက်အခဲဖြစ်နေတယ်လို့ ပြောကြပါတယ်။
RFA သတင်းထောက် ကိုအောင်သိင်္ခက တင်ပြထားပါတယ်။