ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးနစ်နာမှုကနေ ဘယ်လို ရုန်းထွက်မလဲ
ခင်မောင်စိုး
2020.06.25
2020.06.25
ကမ္ဘာ့ဘဏ်ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာပြည်ရဲ့ စီးပွားရေးတိုးတက်မှုဟာ ပြီးခဲ့တဲ့ ၂ဝ၁၈-၁၉ ဘဏ္ဍာရေးနှစ်မှာ ၆.၈ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုရဲ့ ထိခိုက်မှုကြောာင့် အခု ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှာ ဝ.၅ ရာခိုင်နှုန်းပဲ ရှိမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုဥက္ကဌ ဦးမောင်မောင်လေး က ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းတွေ ဟိုတယ်ခရီးသွားလုပ်ငန်းနဲ့ အသေးစားအလတ်စားလုပ်ငန်းတွေ အကြီးအကျယ် နစ်နာခဲ့ပါတယ်။ အထည်ချုပ်လုပ်ငန်းမှာ အလုပ်သမား ၁ သိန်းခွဲခန့် အလုပ်လက်မဲ့ ဖြစ်ခဲ့သလို နိုင်ငံခြားက ပြန်လာရတဲ့ အလုပ်သမားတွေလည်း သိန်းနဲ့ချီရှိနေပါပြီ။ ဒါပေမယ့် ပြန်လည်နာလန်ထူနေတဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်လို့ RFA ကို ပြောပါတယ်။
“အိမ်နီးချင်းတရုတ်နိုင်ငံကို ဖြန့်မယ့် export အထည်တွေက ၆ဝ ရာခိုင်နှုန်းကျော် ၇ဝ ရာခိုင်နှုန်း နီးပါး ခု စပြီးပို့နေပါတယ်။ ဒီ downstream လုပ်ငန်းတွေ value added တွေလုပ်နိုင်ဖို ့ လိုပါတယ်။ သားငါးတွေကို စည်သွပ်ဗူးအနေနဲ့တမျိုး ၊ ခရမ်းချဉ်သီးတို့ဘာတို့ အလျှံပယ်ထွက်လာတဲ့ဟာတွေကို ခရမ်းချဉ်သီးဆော့စ် တို့ ခရမ်းချဉ်သီးဖျော်ရည်တို့လို လုပ်နိုင်ဖို့ ၊ ဖရဲသီး သခွားလဲ ဒီအတိုင်းဘဲ ၊ ပြည်ပကဖက်စပ်လုပ်သူတွေနဲ့ contract farming လုပ်ပြီးတော့ မြန်မာနိုင်ငံရဲ့ထွက်ကုန်တွေကို ပြန်ပြီးတန်ဖိုးမြှင့်ပြီး လုပ်သွားလို့ ရတယ်။ ဒါ့အပြင် ငွေရမဲ့ cash လုပ်ငန်းတွေ microchip တို့ မျိုးတွေကို တင်ပို့နိုင်ရင် ကောင်းမယ်။ ကမ္ဘာက ပါရာဒိုင်း ပြောင်းသွားပြီဖြစ်တဲ့အတွက် မြန်မာက ဒီအခွင့်အရေးတရပ်ကို ယူပြီးတော့ ၂၁ ရာစုကို ဝင်ရောက်ဖို့ကောင်းပြီလို့ ထင်ပါတယ်။”
အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ မြန်မာ-အမေရိကန်ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးထွန်းတင်ကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်က ထွက်လာတဲ့ အမေရိကန်ကုမ္ပဏီတွေကို မြန်မာနိုင်ငံက ရရှိရင် အင်မတန်အကျိုးရှိမယ်လို့ ပြောပါတယ်။
“တရုတ်ပြည်ကနေပြီး အမေရိကန် ကုမ္ပဏီတော်တော်များများက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ထုတ်ယူလာပြီး တခြားနိုင်ငံတွေကို ပြောင်းဖို့ရှိနေပါတယ်။ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်စတဲ့နိုင်ငံတွေကို သွားရောက်လုပ်ကိုင်မယ်လို့ ကြားနေရပါတယ်။ အဲဒီလို အချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံကနေပြီးတော့ ဒီ အမေရိကန်နိုင်ငံရဲ့ အက်ပဲလ်တို့၊ နိုက်ကီတို့ ရီးဘတ်တို့လို Fortune 500 ထိပ်တန်းကုမ္ပဏီ စာရင်းဝင်တွေကို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ခေါ်လာနိုင်မယ်ဆိုရင် အင်မတန်ကောင်းပါလိမ့်မယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ အခုဆိုရင် သီလဝါဆိပ်ကမ်းရှိနေပါပြီ၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အားတွေ အဆင်သင့်ရှိနေပါပြီ။ အလားတူ ရခိုင်ပြည်နယ်မှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းလည်း ရှိပါပြီ။ အဲဒါတွေကို ပြပြီး အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေကို ပြပြီး ကျနော်တို့ ခေါ်လာလို့ရပါတယ်”
အဲဒီလို နိုင်ငံခြားကုမ္ပဏီတွေကို မြန်မာနိုင်ငံ လာရောက်မြှုပ်နှံဖို့အတွက် မြန်မာအစိုးရအနေနဲ့ အဖွဲ့တခုဖွဲ့ပြီး သူတို့လို နိုင်ငံခြားမှာရောက်ရှိနေတဲ့ ကုန်သည်လုပ်ငန်းရှင်တွေထဲက သင့်တော်သူတွေကို ရွေးချယ်ပြီး တာဝန်ပေးနိုင်ပါတယ်လို့လည်း ဦးထွန်းတင်ကပြောပါတယ်။ အဲဒီ အလုပ်မျိုးကို လက်ရှိ နိုင်ငံခြားက မြန်မာသံရုံးတွေမှာရှိ တဲ့ စီးပွားရေးကောင်စစ်ဝန်တွေအနေနဲ့ ဆောင်ရွက်ဖို့ အခက်အခဲရှိတဲ့ လုပ်ငန်းမျိုးကို သူတို့က ဝင်ရောက်ကူညီပေးလိုပါတယ်လို့လည်း ပြောပါတယ်။
ဦးမောင်မောင်လေး ကလည်း မြန်မာနိုင်ငံအနေနဲ့ လက်ရှိအခြေအနေတွေကို ထိထိမိမိ အသုံးချနိုင်ဖို့ ညီညွတ်ရေးလိုတယ်လို့ သုံးသပ်ပြောဆိုပါတယ်။
“ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ အရပ်ဘက်- စစ်ဘက်လက်တွဲပြီး လုပ်သွားမယ်ဆိုရင် မြန်မာနိုင်ငံ ရွှေထီးဆောင်းတဲ့ဘဝ ရောက်မယ်”
ဦးထွန်းတင်ကလည်း အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံတွေဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး စျေးကွက်တွေဖြစ်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ လက်မလွှတ်သင့်ဘူးလို့ ပြောပါတယ်။ နိုင်ငံခြားလုပ်ငန်းရှင်တချို့ကတော့ မြန်မာအစိုးရအနေနဲ့ နိုင်ငံခြားမြှုပ်နှံသူတွေကို အခုထက် ပိုမိုမက်လုံးပေးစွဲဆောင်မှုတွေ တာဝန်ခံမှုတွေ ပြုလုပ်ပေးသင့်တယ်လို့ ပြောဆိုနေကြပါတယ်။