Global Witness အစီရင်ခံစာနဲ့ ပတ်သက်ပြီး တင်ပြချက်
2015.12.04
Global Witness အရှေ့တောင်အာရှမှာ မူးယစ်လုပ်ငန်းနဲ့ ပတ်သက်ပြီး နာမည်ပျက်နဲ့ အကျော်ကြားဆုံးဖြစ်နေတဲ့ ဘိန်းဘုရင်တစ်ဦးဖြစ်သူ Wei Hsueh Kang (ဝေရှောက်ခန်) ဟာ မြန်မာပြည်မြောက်ဖျား ဖားကန့် ကျောက်စိမ်းထုတ်လုပ်မူလုပ်ငန်းကို အဓိက ချယ်လှယ်ကြိုးကိုင်နေတဲ့ သူတွေထဲကတစ်ဦးဖြစ်တယ်လို့ အင်္ဂလန်နိုင်ငံ အခြေစိုက် Global Witness အဖွဲ့က ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
အရင်က ဖားကန့်ကျောက်စိမ်းတွင်းလုပ်ငန်းနဲ့ ပတ်သက်ပြီး အစီရင်ခံစာထုတ်ပြန်ခဲ့တာဖြစ်ပြီး အခုအစီရင်ခံစာဟာ နောက်ဆက်တွဲ လူပုဂ္ဂိုလ်တစ်ဦးတည်းကို ဦးတည်ထုတ်ပြန်တာ ဖြစ်ပါတယ်။
ဝေရှောက်ခန်းဟာ ဝ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA/UWSP လက်ရှိ ထိပ်တန်းဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပြီး ဝ အဖွဲ့ကို အဓိက ငွေကြေးထောက်ပံ့နေသူ တစ်ဦးလည်းဖြစ်တယ်လို့ သိရပါတယ်။
Global Witness အစီရင်ခံစာနဲ့ ပတ်သက်ပြီး နိုင်ငံရေးသမားတွေနဲ့ လေ့လာသုံးသပ်သူတွေရဲ့ အမြင်ကို RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။