အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ကို အစိုးရလက်မခံသေး
2015.06.24
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အသစ်ဖွဲ့စည်းလိုက်တဲ့ "တနိုင်ငံလုံး အပစ် ခတ်ရပ်စဲရေး အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့" ဟာ မနေ့က ရန်ကုန်မြို့မှာ ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ အလွတ်သဘောတွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။
တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့က ခေါင်းဆောင် ၃ ဦးဟာ မနေ့က ရန်ကုန်မြို့ Green Hill ဟိုတယ်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး လက်ရှိ တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး အခြေအနေကို ရှင်းပြခဲ့ပါတယ်။
RFA သတင်းထောက် ကိုကျော်သူ က ကောက်နှုတ် တင်ပြထားပါတယ်။