အင်းလေးကန် ထိန်းသိမ်းရေးအကြောင်း တင်ပြချက်
2018.08.05
၁၉၆၈ ခုနှစ်က ထုတ်ဝေခဲ့တဲ့ တက္ကသိုလ်ပညာပဒေသာ စာစောင်မှာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့မှာရှိတဲ့ အင်းလေးကန်ထဲ ဝင်လာတဲ့နှုန်းတွေကို သောင်ခုတ်စက်တွေနဲ့ မပြုပြင်ရင် တချိန်မှာ ကန်ကောသွားမယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။ အဲဒီတုန်းက ရေဝေရေလဲ သစ်တောတွေ ခုလောက် မပြုန်းသေးဘဲ သဘာဝရေတိမ်တောတွေကလည်း အရာမယွင်းရှိနေခဲ့တာပါ။ အင်းလေးကန်က ရေတိမ်တောကျွန်းမျောကြီးတွေဟာ ကန်အရှည် တည်တံ့အောင် ထိန်းပေးထားတာဖြစ်ပြီး ဒီနေရာမှာ ဟိုတယ်ဆောက်မယ့် စီမံကိန်းကို ဒေသခံတွေ လက်မခံနိုင်တာ ကျိုးကြောင်းဆီလျော်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။