ကချင်စစ်ပြေး ဒုက္ခသည်တွေ အခက်အခဲ တင်ပြချက်
2015.12.17
ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်WFP က လစဉ်ထောက်ပံ့နေတဲ့ အခြေခံစားသောက်ကုန်တွေအစား လာမယ့်နှစ် ဇန်နဝါရီလကစပြီး ငွေကြေးပြောင်းလဲထောက်ပံ့မှာဖြစ်ပါတယ်။
အဲဒီလို ငွေကြေးပြောင်းလဲထောက်ပံ့မယ့် အစီအစဉ်ဟာ ဒုက္ခသည်တွေအတွက် အခက်အခဲတွေရှိလာနိုင်ကြောင်း ဒုက္ခသည်တွေနဲ့ စခန်းတာဝန်ခံတွေက ပြောကြပါတယ်။ ဝိုင်းမော်မြို့နယ်က ဒုက္ခသည်စခန်းတွေမှာ သတင်းသွားရောက်ရယူထားတဲ့ RFA သတင်းထောက် ကိုကျော်မျိုးမင်းက တင်ပြထားပါတယ်။